နေပြည်တော်
ဇန်နဝါရီ ၂၅
တတိယအကြိမ်မြောက် ပြည်ထောင်စု အစိုးရအဖွဲ့ဖလား
ဂေါက်သီးရိုက် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယနေ့ညပိုင်း တွင် နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း
မြက်ခင်းပြင်၌ ကျင်းပရာ ဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက်၍ ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊
ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်း (၃၄)သင်းမှ အားကစားသမားများ၊ ဖိတ်ကြားထားသူများနှင့်
တာဝန်ရှိသူများ တက် ရောက်ကြသည်။
အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း က ပြိုင်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက အကောင်းဆုံးအရှုံးသမား အကျောပေးနှင့်
အကျောမဲ့ဆုရ အသင်းများအား လည်းကောင်း၊ ဘာဒီအများဆုံးဆု၊ ပါအများဆုံးဆု၊ အဝေးဆုံး ရိုက်ချက်ဆုနှင့်
ကျင်းနှင့် အနီးဆုံးရိုက်ချက်ဆု ရရှိသူများအားလည်းကောင်း၊ တစ်ဦးချင်း အကျောပေးနှင့်
အကျောမဲ့ ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအားလည်းကောင်း၊ အသင်းအလိုက် အကောင်းဆုံးအသင်း
ဆုရရှိကြသူများအားလည်းကောင်း၊ အသင်းလိုက် အကျောပေးနှင့် အကျောမဲ့ ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအားလည်းကောင်း
ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက တတိယအကြိမ်
ပြည်ထောင်စုအစိုးရအဖွဲ့ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ အသင်းလိုက် အကျောပေးနှင့် အကျောမဲ့ပြိုင်ပွဲများတွင်
ပထမရရှိသော ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား ဆုဖလားပေးအပ်ချီးမြှင့်သည်။
တတိယအကြိမ်မြောက် ပြည်ထောင်စု အစိုးရအဖွဲ့ဖလား
ဂေါက်သီးရိုက်ပြိုင်ပွဲ၌ အသင်းလိုက် အကျောပေး ပြိုင်ပွဲတွင် ဒုတိယဆုကို ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊
တတိယဆုကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအသင်း၊ အသင်းလိုက်
အကျောမဲ့ ပြိုင်ပွဲတွင် ဒုတိယဆုကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
ဝန်ကြီးဌာနအသင်း၊ တတိယဆုကို ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့က ရရှိခဲ့ကြပြီး တစ်ဦးချင်း
အကျောပေးပြိုင်ပွဲတွင် ပထမဆုကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ကြီး သက်ထွဋ်ဦး၊ ဒုတိယဆုကို
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဦးဆန်းအောင်၊ တတိယဆုကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာ ဝန်ကြီးဌာနမှ ဦးအောင်ဇော်မိုးတို့က လည်းကောင်း၊ တစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲတွင်
ပထမဆုကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ကြီးသက်ထွဋ်ဦး၊ ဒုတိယဆုကို ပို့ဆောင်ရေး ဝန်ကြီးဌာနမှ
ဦးဇော်မင်း၊ တတိယဆုကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူး နေမျိုးအောင်တို့ကလည်းကောင်း
ရရှိခဲ့ကြသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် တက်ရောက်လာကြသည့်
ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်အသင်း (၃၄)သင်းမှ အားကစား သမားများအား နေပြည်တော်
မြို့တော်ဂေါက်ကွင်း မြက်ခင်းပြင်၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
No comments:
Post a Comment