Wednesday, January 28, 2015

အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ ဒုတိယထပ်ရှိ စည်းဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ပူးပေါင်းအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ၊ UNDP နှင့် IPU အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်ပ အလှူရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးရေး အစီအစဉ်များ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ စီမံကိန်းချမှတ်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment