Wednesday, January 28, 2015

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီး ဖယ်ခုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လမ်းကတ္တရာ ခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


ဖယ်ခုံ ဇန်နဝါရီ ၂၈
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်အေးသည် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဖယ်ခုံ-ခေါင်းအိလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ဖယ်ခုံ-ခေါင်းအိလမ်းကို စိုးလွင်အောင်ကုမ္မဏီမှ တင်ဒါရရှိပြီး ၁၀.၉.၂၀၁၄ ရက်နေ့မှစတင်၍ လုပ်ငန်း များဆောင်ရွက် လျှက်ရှိကာ ယင်းလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံ ငွေ ကျပ် ( ၁၈၂ ) သန်းဖြင့် လမ်းအရှည် (၂) မိုင်၊ အကျယ် (၁၂) ပေ ကတ္တရာခင်းခြင်း ဖြစ်သည်။
လမ်းအားလိုက်လံစစ်ဆေးရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှသူများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့ လိုက်ပါကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment