နေပြည်တော် ဇန်နဝါရီ ၂၁
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အပြည်ပြည်ဆိုင်ရာ
ဒီမိုကရေစီ နှင့်ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး အဖွဲ့မှ အထွေထွေအတွင်း ရေးမှူးချုပ်
မစ္စတာ အိဗ်လတ်တာမေ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့လက်ခံ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ
ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီနှင့် တာဝန်ရှိ
သူများ တက်ရောက်ကြသည်။
လက်ခံတွေ့ဆုံစဉ် နိုင်ငံတော်အစိုးရအနေဖြင့်
လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် ကူညီဆောင်ရွက်မည့် အခြေအနေများ၊
၂၀၁၅ခုနှစ် ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရား မျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်
ပြင်ဆင်ထားရှိမှု အခြေ အနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်း၍
လူမှု အဖွဲ့အစည်းပိုင်းဆိုင်ရာ၊ မဲဆန္ဒရှင်ပိုင်းဆိုင်ရာများနှင့် မီဒီယာပိုင်း ဆိုင်ရာ
လုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြသည်။



No comments:
Post a Comment