ချစ်ကြည်ရေး ခရီးစဉ်အဖြစ်
အိန္ဒိယနိုင်ငံ ဂါယာမြို့တွင်ရောက်ရှိနေသော ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်း နှင့်အဖွဲ့သည်
ယနေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မဟာဗောဓိစေ
တီတော်မြတ်ကြီးသို့ရောက်ရှိပြီး စေတီတော် အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်၊ စေတီတော်
အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စကျင်ဗုဒ္ဓရုပ်ပွားတော် မြတ်များအား ဆွမ်း၊
ရေချမ်း၊ ဆီမီးနှင့် အမွေးနံ့သာတိုင်များဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတအား
မဟာဗောဓိစေတီတော် စီမံအုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူများက မဟာဗောဓိ ရွှေကြာသင်္ကန်း အမှတ်တရလက်ဆောင်ပေးအပ်သည်။ ဆက်လက်၍ ဒုတိယသမ္မတသည် မဟာဗောဓိစေတီတော် စီမံအုပ်ချုပ်မှု
ကော်မတီရုံးတွင် အလှူငွေများပေးအပ်လှူဒါန်းရာ မဟာဗောဓိစေတီတော် ကျောင်းထိုင် ဆရာတော်က
လက်ခံသည်။
ယင်းနောက် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းသည် မင်းတုန်းမင်းတရားကြီး ၏ ကောင်းမှုတော် မှတ်တမ်း ဖြစ်သည့်
မင်းတုန်းမင်းကျောက်စာတိုက်သို့ ကြည့်ရှုလေ့လာသည်။
ထို့နောက် ဒုတိယသမ္မတနှင့်
အဖွဲ့ဝင်များသည် ဗုဒ္ဓဂယာရှိ ကမ္ဘောဇရှမ်း ကျောင်းသို့ ရောက်ရှိပြီး ဆရာတော် သံဃာတော်များအား
လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဂယာ မြန်မာဘုန်းတော်ကြီး ကျောင်းသို့ရောက်ရှိပြီး
မြန်မာဘုန်းတော်ကြီးများ၊ စာသင် သားရဟန်းသံဃာတော်များနှင့် သီလရှင်များအတွက် လှူဖွယ်ဝတ္တု
ပစ္စည်းများပေးအပ် လှူဒါန်းပြီး ဗုဒ္ဓဂယာမြန်မာဘုန်းတော်ကြီးကျောင်းဆရာတော်အမှူးပြုသည့်
ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်သည်။
ယင်းနောက် ဒုတိယသမ္မတသည်
ဂါယာမြို့ PRIMARY HEALTH CENTRE သို့ ရောက်ရှိပြီး စင်တာအတွင်း ဆေးကုသမှု ခံယူနေကြသူများအား
တွေ့ဆုံအားပေးကာ စင်တာအသစ်တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရူ သည်။
ထို့နောက် ဒုတိယသမ္မတနှင့်
အဖွဲ့ဝင်များသည် အထူးလေယာဉ်ဖြင့် ဂါယာမြို့မှ
နယူးဒေလီမြို့ ပါလမ်လေတပ် စခန်းလေဆိပ်သို့ မွန်းလွဲ ၂နာရီခွဲတွင် ရောက်ရှိပြီး မော်တော်ယာဉ်များဖြင့်
ခေတ္တတည်းခိုမည့် အိုဘရွိုင်းဟိုတယ်သို့ ရောက်ရှိကြသည်။
ညနေပိုင်းတွင် အသည်းနှင့်
သည်းခြေဆိုင်ရာသိပ္ပံတက္ကသိုလ်သို့ ရောက်ရှိရာ အသည်းနှင့် သည်းခြေဆိုင်ရာ သိပ္ပံတက္ကသိုလ်မှ
ဒါရိုက်တာက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားရာ ဒုတိယသမ္မတ က သိရှိလိုသည်များကို
မေးမြန်းခဲ့သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည်
အသည်းနှင့် သည်းခြေဆိုင်ရာ သိပ္ပံတက္ကသိုလ်အတွင်း
လှည့်လည် ကြည့်ရှုလေ့လာကြသည်။


No comments:
Post a Comment