Wednesday, January 28, 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တွေ့ဆုံ


နေပြည်တော်  ဇန်နဝါရီ ၂၇
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်သည် ပွင့်လင်း မြန်မာ့ ရှေ့ဆောင်မှ အဖွဲ့ဝင် (၁၃) ဦးနှင့် သင်တန်းသား/ သင်တန်းသူ (၂၇) ဦးတို့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အဖွင့် အမှာစကား ပြောကြားပြီး ပွင့်လင်း မြန်မာ့ရှေ့ဆောင်မှ အဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများက ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒရှင် ပညာပေးခြင်း၊ ကြိုတင်မဲကိစ္စ၊ ပြည်တွင်း လေ့လာ စောင့်ကြည့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မဲပေးမှုစနစ်နှင့် ပါတီဆိုင်ရာ ကိစ္စရပ်များအား မေးမြန်းရာ ကော်မရှင်အဖွဲ့ဝင် များဖြစ်ကြသော ဦးဝင်းကြည်က အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို လည်းကောင်း၊ ဦးညွန့်တင်က ဆန္ဒမဲပေးခြင်းနှင့် ကြိုတင် မဲပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဦးဝင်းကိုက ပြည်တွင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ ဖိတ်ခေါ်ထားရှိမှု၊ မဲဆန္ဒရှင် ပညာပေးခြင်း ကိစ္စ၊ မဲပေးမှုစနစ်နှင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပတ်သက်၍ လည်းကောင်း ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment