Thursday, January 22, 2015

ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းမှုသည် မြန်မာနိုင်ငံအပေါ်တွင် ဆိုးကျိုးနှင့် ကောင်းကျိုးများရှိသည်ကို သုံးသပ်တွေ့ရှိ



နေပြည်တော် ဇန်နဝါရီ ၂၁

ပြည်သူ့လွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး တတိယ နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည်။


အစည်းအဝေးတွင် ဝန်းသို မဲဆန္ဒနယ်မှ ဦးစိုးပိုင်၏ မြန်မာနိုင်ငံ တစ်ဝန်း၌ ဒေသန္တရဆည် (လက် လုပ်ရေလွှဲဆည်)များကို အဆင့် မြှင့်တင် ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင် ဇော်က တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ စီမံခန့်ခွဲမှုပြုလုပ် နိုင်ရန် ဆည်မြောင်းဦးစီးဌာန အောက်ရှိ ဆည်ရေသောက်ဧရိယာ ဧက ၅ဝဝဝ အောက် ရေလှောင် တမံ၊ ဆည်၊ ကန်၊ တာတမံ၊ ရေနုတ် မြောင်းများကို ၂ဝ၁၂-၂ဝ၁၃ခုနှစ်မှ စတင်၍ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ် ကြောင်း။

ဆည်ရေသောက် ဧက ၅ဝဝဝ အောက် ရေလှောင်တမံ၊ ရေလွှဲဆည်၊ တာတမံများနှင့် ရေသောက်စနစ် များကို ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ တိုးချဲ့ ဆောင် ရွက်ခြင်း၊ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များမှ တာဝန်ယူဆောင်ရွက်နေပါ ကြောင်းဖြင့် ပြန်လည်ရှင်းလင်းဖြေ ကြားခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒ နယ်မှ ဒေါ်တင်နွယ်ဦး၏ ကမ္ဘာ့ရေနံ စိမ်းဈေးနှုန်း ကျဆင်းနေမှုအပေါ် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မည် ကဲ့သို့ ထိန်းညှိဆောင်ရွက်နေ သည်ကို သိရှိလိုကြောင်း မေးခွန်း နှင့်စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းမှု၏ အဓိက အကြောင်းအရင်းသည်Supply and Demand မညီမျှမှု ကြောင့်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ၏ ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇောတိက သဘာဝဓာတ်ငွေ့စီမံ ကိန်းများ၏ Export Gas Sales Agreement စာချုပ်ပါ သဘာဝ ဓာတ်ငွေ့ဈေးနှုန်း တွက်ချက်သည့် Formula တွင် စင်ကာပူနိုင်ငံ၏ လစဉ် ရေနံဈေးနှုန်း၏ ပြီးခဲ့သည့် တစ်နှစ်အတွင်းက ပျမ်းမျှဈေးနှုန်း ကို Factor တစ်ခုအနေဖြင့် ထည့် သွင်းတွက်ချက်ထားရာ ရေနံဈေးကျဆင်းမှုသည်မြန်မာ့သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းအပေါ်သက် ရောက်မှုရှိစေမည် ဖြစ်ပါကြောင်း။

ရေနံဈေးနှုန်းကျဆင်းမှုကြောင့် မြန်မာနိုင်ငံ၏ဝင်ငွေလျော့ကျမှု ရှိ လာနိုင်မည် ဖြစ်ပါကြောင်း၊ သို့သော် အသစ်ဝင်လာသော ရွှေနှင့် ဇောတိက စီမံကိန်းတို့မှ ယခုနှစ်တွင် သတ် မှတ်ပမာဏ အပြည့်အဝထုတ်လုပ် နိုင်ခြင်းကြောင့် စွမ်းအင်ဝန်ကြီး ဌာန၏ သဘာဝဓာတ်ငွေ့ရောင်း ချမှုမှရရှိသော ဝင်ငွေသည် ဈေး နှုန်းအနည်းငယ်ကျဆင်းလာသော် လည်း ယခင်နှစ်များထက် အနည်း ငယ် ပိုလာနိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း သဘာဝ ဓာတ်ငွေ့ကို နိုင်ငံတကာဈေးနှုန်းဖြင့် ဝယ်ယူကာ ပြည်တွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုနှင့် စက်ရုံအချို့သုံးစွဲမှုအတွက် သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်း ချပေးနေရသော စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် စိုက်ထုတ်ကုန်ကျငွေ လျော့ကျစေနိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ရေနံရှာဖွေရေး လုပ်ငန်းများသည် လက်ရှိကာလ၌ အလားအလာ ကောင်းမွန်သော အခြေအနေရှိသော်လည်း ကမ္ဘာ့ ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် ရှာဖွေထုတ်လုပ်မှုအပိုင်း ရင်းနှီး မြှုပ်နှံမှုများ အနည်းငယ်နှေးကွေး သွားနိုင်သည်ဟု သုံးသပ်ရရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ကမ်းလွန် လုပ်ကွက်များ တင်ဒါခေါ်လုပ်ကိုင် ခွင့် ပေးအပ်မှုသည် ပြီးဆုံးလုနီး ပြီဖြစ်သော်လည်း အချို့ကုမ္ပဏီများ သည် အခွန်ဆိုင်ရာ ကိစ္စရပ်များ ကြောင့် အပြီးသတ်စာချုပ်ချုပ်ဆို ခြင်း မရှိသေးဘဲ ၎င်းတို့၏ econo- mic model ကို ပြန်လည်တွက်ချက်နေရသည့် အနေအထားရှိ နေပါကြောင်း၊ စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်နေသော PSC ကုမ္ပဏီများ ကိုလည်း ၎င်းတို့တင်ပြထားသော နှစ်အလိုက်ဆောင်ရွက်မည့် work program & budget အတိုင်း ပြည့်မီအောင် ဆောင်ရွက်ရေးတိုက်တွန်းကြီးကြပ်ကွပ်ကဲသွားမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ ပြောင်းလဲမှုများကြောင့် ရေနံထွက်ပစ္စည်းဈေးနှုန်းများ ကျဆင်းနှုန်းသည် အတိတ်ကာလများကို လေ့လာကြည့်ရာ တွင် မြန်ဆန်မှုမရှိဘဲ တည်ငြိမ်စွာ ဖြင့် ရောက်ရှိနေသည့် ဈေးနှုန်းတွင် ကာလကြာမြင့်စွာ ရပ်တည်နိုင်သည် ကို တွေ့ရှိရပါကြောင်း၊ ဈေးနှုန်း ကျဆင်းနေသည့် ကာလအတွင်း၌ ပြည်ပမှ ဒီဇယ်ဆီကို မိမိတို့ သို လှောင်နိုင်မှု အခြေအနေအပေါ်မူ တည်ကာ မဟာဗျူဟာအရန်ဆီ အဖြစ် ဝယ်ယူသိုလှောင်ပါက ကာလတို အကျိုးအမြတ်ရရှိ နိုင် ကြောင်း စိစစ်သုံးသပ်ရရှိသဖြင့် ဆောင်ရွက်ခွင့်ပြုနိုင်ရန် နိုင်ငံတော် အစိုးရသို့လည်း အကြံပြုတင်ပြထားပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့ရေနံဈေး နှုန်း ကျဆင်းမှုသည် မြန်မာနိုင်ငံ အပေါ်တွင် ဆိုးကျိုးများရှိသကဲ့သို့ ကောင်းကျိုးများလည်းရှိသည်ကို သုံးသပ်တွေ့ရှိရပါကြောင်းဖြင့် ပြန် လည်ဖြေကြားခဲ့သည်။

သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဝင်းခိုင်၏ တရုတ်ကုန်သည်တို့အား တရုတ်အစိုးရကဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်နေခြင်းကြောင့် မြန်မာနိုင်ငံသား ကုန်သည်နှင့် ဒေသခံ တောင်သူများအတွက် အကြွေးများ ပြန်လည်ရရှိရန် အခက်အခဲဖြစ် နေပါသဖြင့် နိုင်ငံတော်မှ ယင်းအခက် အခဲအား မည်သို့ကူညီဖြေရှင်းပေး မည်ကို သိရှိလိုကြောင်း မေးခွန်း နှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ဒေသ ခံကုန်သည်များနှင့် တောင်သူများ ကုန်ဖိုးငွေဆုံးရှုံးရခြင်းသည် ပို့ကုန် ဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်း အတိုင်း မဆောင်ရွက်ဘဲ ယုံကြည် မှုကို အားကိုး၍ ဆောင်ရွက်ခြင်း၊ ကုန်ဝယ်သူနှင့် ကုန်ရောင်းသူ အချင်းချင်း နားလည်မှုဖြင့် တရား မဝင်ငွေပေးချေမှုများကို ဆောင်ရွက် ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တစ်ဖက်နိုင်ငံတွင် ပြောင်းလဲမှုအခြေအနေ တစ်ရပ်ရပ် နှင့် ကြုံတွေ့လာသည့်အခါ မိမိဖက် မှ ကုန်သည်များ ကုန်ဖိုးငွေမရရှိဘဲ နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင် ခဲ့ရခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ ရှိရပါကြောင်း။
ထိုကဲ့သို့ တရုတ်နိုင်ငံ ပြည်တွင်း ၌ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေခြင်း အပေါ်မိမိကုန်သည်များ နစ်နာမှုရှိပါက ဖြစ်စဉ်တစ်ခုချင်းအပေါ် မူတည်၍ မိမိကုန်သည်များ လက် ဝယ်ရှိ အထောက်အထား ခိုင်မာမှု ရှိ/မရှိပေါ် မူတည်ပြီး နှစ်နိုင်ငံ တာဝန်ရှိသူများအချင်းချင်း ဆွေး နွေးခြင်း၊ နှစ်နိုင်ငံကုန်သည် အသင်းအဖွဲ့များ အချင်းချင်း ညှိနှိုင်းခြင်းများကိုသာ ပြုလုပ် ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် မိမိဘက် ကုန်သည်များ၏ ကုန်ဖိုးငွေအကြွေးများ ပြန်လည်ရရှိရေး ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန နှင့် ဒသမအကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုပူးပေါင်း ညှိနှိုင်းရေးကော်မတီအစည်းအဝေး တွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး တရုတ်ဘက်မှ ပြန်လည်ဆွေးနွေးမှု တွင် တရားမဝင်ကုန်သွယ်မှု ပြု ခြင်းသည် မည်သည့်နိုင်ငံဘက်မှ ကုန်သည်ဖြစ်သည် ဆိုသည်ကို စုံစမ်းရမည်ဖြစ်ပါကြောင်း၊ ကုန် သည်လုပ်ငန်းရှင်များအနေဖြင့် နှစ် နိုင်ငံစည်းမျဉ်းများကို လိုက်နာရ မည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှု ဖြစ်လျှင် နစ်နာမှုများရှိနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါကြောင်း။

သို့ဖြစ်၍ မိမိနိုင်ငံဘက်မှလည်း မြန်မာကုန်သည်များ ငွေရ ရန်ရှိသည့် တရုတ်ကုန်သည်များ၏အမည်စာရင်းကို ပေးပို့သွားမည် ဖြစ်ပြီး ငွေကြေးပြန်လည်ရရှိရေး ကုန်ြေ<ွကးငွေကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းသတ်မှတ်ပြီး အစည်းအဝေး ထပ်မံပြုလုပ်နိုင်ရေး နှစ်ဖက် ဆွေး နွေးထားပြီးဖြစ်ပါကြောင်း၊ တရုတ် နိုင်ငံသို့ ဆန်ကို တရားဝင်တင်ပို့ ခွင့်ရရှိ နိုင်ရန်အတွက် နှစ်နိုင်ငံ ဝန်ကြီးဌာနတို့အကြား မြန်မာနိုင်ငံ မှဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းများ ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာတွင် လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပါကြောင်း။

ကုန်သည်များနှင့် တောင်သူ များ၏အခက်အခဲ ဖြစ်ပေါ်ခဲ့သည့် ကိစ္စကြောင့် မိမိတို့အတွက် နစ်နာ မှုရှိနိုင်သည်ကို ကုန်သည်အသင်း အဖွဲ့များနှင့် ကုန်စည်ဒိုင် တာဝန် ရှိသူများက မိမိတို့၏ ကုန်သည် လုပ်ငန်းရှင်များ၊ ပွဲစားများကို အသိ ပညာပေးမှုများ ကြိုတင်ဆောင် ရွက်ထားရှိရန်နှင့် အခြားတာဝန် ရှိသူများအနေဖြင့်လည်း ထိန်း ကျောင်းမှုများ၊ အသိပညာပေးမှုများ ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များနှင့်ပူးပေါင်း ညှိနှိုင်းပြီး ကြိုးပမ်းကူညီဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားသည်။


လွိုင်ကော်မဲဆန္ဒနယ်မှ ဦးခင်မောင်ညို၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ဒေသ အသီးသီး မှထွက်ရှိသော သတ္တုသယံဇာတ များကို တစ်ဖက်နိုင်ငံသားများက နိုင်ငံတော်သို့ သတ်မှတ်ထားသည့် အခွန်အခများ ပေးသွင်းခြင်းမရှိဘဲ တရားမဝင်(မှောင်ခို) နည်းလမ်း မျိုးစုံဖြင့် လာရောက်ဝယ်ယူနေ ခြင်း၊ တစ်ဖက်နိုင်ငံသို့ တရားမဝင် (မှောင်ခို) နည်းလမ်းမျိုးစုံဖြင့် သွားရောက်ရောင်းချနေခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ အခြားဆက်စပ် ဝန်ကြီးဌာနများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ထိရောက်စွာ တားဆီး နှိမ်နင်းရန်နှင့် ဥပဒေနှင့်အညီ ထိ ရောက်စွာ အရေးယူဆောင်ရွက် ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ လွှတ်တော်က မှတ်တမ်း တင်ခဲ့သည်။ 

No comments:

Post a Comment