ဆိုးလ်
ဇန်နဝါရီ ၂၁
အိုင်အက်စ်အဖွဲ့သို့
ဝင်ရောက်ရန် ကြိုးပမ်းသည်ဟု ယူဆရသည့် တောင်ကိုရီး ယားနိုင်ငံ သားတစ်ဦးသည် တူရကီနိုင်ငံသို့
သွားရောက်စဉ် ပျောက် ဆုံးနေကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြထားသည်။ ပျောက်ဆုံးနေသော 'ကင်'မျိုးနွယ်ဝင်
အသက်(၁၈)နှစ်အရွယ်လူငယ်သည်
ယခုလ အစောပိုင်းတွင် တူရကီနိုင်ငံသို့ ထွက်ခွာသွား ခဲ့ကြောင်း တောင်ကိုရီး ယားနိုင်ငံခြား
ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရသိ ရသည်။
အွန်လိုင်းမှ သိကျွမ်းခဲ့သော တူရကီ နိုင်ငံသားတစ်ဦးဆီသို့
အလည်အပတ် သွားမည်ဖြစ်ကြောင်း ကင်ကသူ၏မိဘ များထံ ပြောကြား ခဲ့သည်။သူ၏မိဘများက ဆီးရီးယားနိုင်ငံနှင့်နယ်မြေချင်း
ထိစပ်နေသည့် တူရကီနိုင်ငံ ကီလစ်မြို့ သို့ ရောက်ရှိ နိုင်ကြောင်း ၎င်းတို့၏ထင်မြင်ချက်ကိုပြောသည်။
ကင်သည် ဇန်နဝါရီ ၂ ရက်မှစ၍ ပျောက်ဆုံးနေခဲ့သည်။သူ၏ကွန်ပျူတာထဲတွင်
အိုင်အက်စ်အဖွဲ့သို့ ဝင်ရောက်ရန် ဆန္ဒပြုသည့် သက်သေခံစာများကို တွေ့ရသည်ဟု တူရကီအာဏာပိုင်များက
ဆိုသည်။ ''ဆွန်နီ မူဂျဟစ်ဒန်''အမည်ရှိ ၎င်း၏တွစ်တာ စာမျက်နှာကို ၂ဝ၁၃ ခုနှစ်တွင် စတင်သုံးစွဲခဲ့ကြောင်း
သိရသည်။အိုင်အက်စ်အဖွဲ့ သို့ဝင်ရောက်ရန် မည်သို့လုပ်ဆောင်ရမလဲ ဆိုသည်ကို အင်္ဂလိပ်နှင့်အာ
ရဗီဘာသာစကား နှင့်ရေးထားသော မေးခွန်းများကို အဆိုပါ စာမျက်နှာတွင် တွေ့ရကြောင်း တူရကီအာဏာပိုင်များက
ဆက်လက်ပြောသည်။
အိုင်အက်စ်အဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ လူငယ်များကို တပ်သားအဖြစ်
လိုက်လံစုဆောင်းနေကြောင်း ၎င်းတို့လက်မှ မကြာသေး မီက လွတ်မြောက် လာသော လူတစ်ဦးက စီအင်န်အင်န်သို့ပြောသည်။
စထရိတ်တိုင်းမ်။
No comments:
Post a Comment