Tuesday, January 20, 2015

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ



 ရန်ကုန် ဇန်နဝါရီ ၁၉
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ က ရန်ကုန်မြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း ခရီးဖြင့် ထိုင်းနိုင်ငံမှ တစ်ဆင့် ဆက်လက် ထွက်ခွာသွားသည်။

ဒုတိယသမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များအား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်၊ အိန္ဒိယနိုင်ငံ သံရုံးမှ တာဝန် ရှိသူများနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် ဒုတိယသမ္မတနှင့် ဇနီးနှင့်အတူ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာ ဝင်းမြင့်၊ ဒေါ်စန္ဒာခင်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးငွန်ဆန်းအောင်၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းနှင့် တာဝန်ရှိသူ များလည်း လိုက်ပါသွားကြသည်။

No comments:

Post a Comment