မော်လမြိုင် ဇန်နဝါရီ ၁၉
မွန်ပြည်နယ် သထုံမြို့နယ်
စခန်းကြီးကျေးရွာနေ ဦးဇော်ရှိုင်း (၄၂နှစ်) သည် ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီခွဲက သထုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲသို့
ရောက်ရှိလာပြီး မိုးစပါးချေးငွေကျပ် ၅၁၅၇၅၀ အား အငယ်တန်းစာရေး ဒေါ်ခင်သန္တာစိုး ထံပေးသွင်းခဲ့ကြောင်း သိရသည်။
မန်နေဂျာ ဒေါ်အေးအေးသိမ်းနှင့်ငွေကိုင်
ဒေါ်ခင်သူဇာမြင့်တို့က အဆိုပါငွေများအား
မသင်္ကာသဖြင့် သထုံမြို့ မြန်မာ့စီးပွားရေး ဘဏ် မန်နေဂျာ ဦးဘကျော်တင့်ထံ တင်ပြစစ်ဆေးခဲ့ရာ
၁၀၀၀၀ တန်ငွေစက္ကူ ၂၁ ရွက်မှာ အတုဖြစ်ကြောင်း
သိရသည်။ ယင်းငွေစက္ကူ အတုများမှာ ကင၂၇၀၆၄၄၇၊
AE 2706447 နံပါတ်ပါသုံးရွက်၊ ကင ၂၇၀၆၂၄၇၊
AE 2706247 နံပါတ်ပါလေးရွက်၊ ကင၂၇၀၆၂၇၆၊
AE 2706276နံပါတ် ပါနှစ်ရွက်၊ ကင၂၇၀၆၂၇၇၊
AE 2706277 နံပါတ်ပါနှစ်ရွက်၊ ကင ၂၇၀၆၂၄၀၊ AE 2706240 နံပါတ်ပါ သုံးရွက်၊ ကင၂၇၀၆၂၂၆၊ AE2706226 နံပါတ်ပါလေးရွက်၊
ကင ၂၇၀၆၂၇၂၊ AE 2706272 နံပါတ်ပါသုံးရွက် စုစုပေါင်း ၂၁ ရွက်ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကို
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်ထံ တင်ပြအကူအညီ တောင်းခံရာ ဇန်နဝါရီ ၁၅ရက်တွင်
မြို့နယ်အုပ်ချုပ်ရေးမှူးမှ စခန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်အေးထံ ဦးဇော်ရှိုင်း
အား ရှာဖွေခေါ်ဆောင်လာရန် မှာကြားချက်အရ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီတွင် ဦးထွန်းနိုင်အေးနှင့်
ဦးဇော်ရှိုင်းတို့ သထုံမြို့ မြန်မာ့စီးပွားရေးဘဏ်သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍
ဒေါ်အေးအေးသိမ်းမှ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီတွင် သထုံမြို့မရဲစခန်းသို့ လာရောက်တိုင်ကြား သဖြင့်
ရဲစခန်းက ဦးဇော်ရှိုင်းအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်အက်ဥပဒေအရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း
သိရသည်။
No comments:
Post a Comment