Wednesday, January 28, 2015

ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်တော်ယာဉ်ဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲ အခမ်းအနားကျင်းပ


ဟားခါး ဇန်န၀ါရီ  ၂၇
ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်တော်ယာဉ်ဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပရာ တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းက တင်ဒါ စည်းကမ်းချက်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကာ မော်တော်ယာဉ် တင်ဒါ လျှောက်လွှာများအား တင်ဒါပုံးအတွင်းမှ ထုတ်ယူဖွင့်ဖောက်၍ ကုမ္ပဏီတစ်ခုစီ၏ တင်သွင်းထားသည့် ယာဉ်အမျိုးအစားအလိုက် ထုတ်လုပ်ခုနှစ်နှင့်ဈေးနှုန်း အဆိုပြုလွှာများကို ဖွင့်ဖောက် ကြောငြာကြသည်။
ဆက်လက်၍ မော်တော်ယာဉ်တင်ဒါ လျှောက်လွှာတင်သွားကာ ကုမ္ပဏီများက တင်ဒါတင်သွင်း ရသည့် အကြောင်းအရင်းနှင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြပြီး တင်ဒါစိစစ် ရွေးချယ်ရေး လုပ်ငန်းကော်မတီအဖွဲ့က မော်တော်ယာဉ် တင်ဒါလျှောက်လွှာများကို စိစစ်ရွေးချယ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment