ရန်ကုန် ဇန်နဝါရီ ၁၇
အခြေခံ စားသောက်ကုန်ဖြစ်သည့် သားငါးဈေးများမှာ
ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ကျဆင်း နေခြင်းသည် ထုတ်လုပ်သူ များပြားခြင်းနှင့်
ထုတ်လုပ်မှု နည်း ပညာများ တိုးတက်လာခြင်းတို့ ကြောင့်ဖြစ်ပြီး မွေးမြူထုတ်လုပ်သူ အများစုမှာ
အရှုံးခံ ကာ ဈေးကွက် ပြိုင်ဆိုင်ရောင်းချမှုများပင်ရှိကြောင်း သိရသည်။
နေ့စဉ်စားသုံးနေသော သားငါး ဈေးများ ယမန်နှစ်နှင့်
နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်မှု မရှိခြင်းကြောင့် စားသုံးသူများ ဝယ်ယူစားသောက်ရန်
အဆင်ပြေသော်လည်း ထုတ်လုပ်မှု နည်းပညာများကို စနစ်တကျ ပုံမှန် စစ်ဆေးရန် လိုအပ်ကြောင်း
တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဆရာဝန် ဒေါက်တာမြင့်ကျော်က ပြောကြား သည်။
ဆောင်းခိုငှက်များ ဝင်ရောက် တတ်သော ယခုကာလများအတွင်း
တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးကို အခြေခံကာ သားငါးကဏ္ဍ
ကျန်းမာ ရေးလုပ်ငန်းများကို အရှိန်မြှင့် စစ်ဆေးခြင်း၊ ပြည်ပမှ ဝင်ရောက် လာသည့် အေးခဲအသားများနှင့်
စားသောက်ကုန်များကို အရှိန်မြှင့် စစ်ဆေးနေသော်လည်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်မှု မရှိသေးကြောင်း
မိုဘိုင်းတင်းမ်အဖွဲ့များထံမှ သိရ သည်။
''တိရစ္ဆာန်အစာ ဈေးကြီးတယ် သာဆိုတယ်
မြို့နယ်အလိုက်မှာ မွေးမြူရေးလုပ်ကိုင်သူတွေ များလာ ပါတယ်။ ရန်ကုန် တိုင်းဒေသကြီးတင်
သာမက ဒေသအလိုက်တစ်နိုင်တစ် ပိုင်မွေးမြူရေးက အားကောင်းလာ တာကြောင့် ကြက်၊ ဘဲဈေးနှုန်းတွေ
ကျဆင်းလာပါတယ်။ သို့သော် မွေးမြူ ရေးနည်းစနစ်တွေ မှန်ကန်ဖို့ လိုအပ်နေတာ တွေ့ရပါတယ်။
သို့သော် ဈေးကွက်အတွင်းမှာ မိုဘိုင်းတင်းမ်တွေ အဆင့်ဆင့် အောင်မြင်လာတော့ နယ်ကျော်ပြီး
မတင်ပို့နိုင် တော့ဘူး။ ဥပမာပြောရရင် ရန်ကုန်မှာ ရောင်းလိုအားများပေမယ့် ဝယ်လိုအား
နည်းနေတယ်။ မန္တလေး မှာ ရောင်းလိုအားနည်းပြီး ဝယ်လို အားများတယ်။ မျှမသွားဘဲ ဈေးက တစ်နေရာနဲ့
တစ်နေရာကွာခြားမှု များလာတာတွေ့ရတယ်''ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ
ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောကြားသည်။
ထို့အပြင် လိုင်စင်မဟုတ်သည့် တရားမဝင်
မွေးမြူရေးလုပ်ငန်းများကြောင့်လည်း သားငါးဈေးကွက် ကျ ဆင်းခြင်း ဖြစ်ပေါ်နေပြီး ပြည်ပမှ
တရား မဝင် တင်သွင်းလာသော အေးခဲပုစွန် များကြောင့် ရေချို ပုစွန် ဈေးကွက် အတွင်း ဈေးနှုန်း များ
ကျဆင်းပြီး ငါးဈေးကွက်အတွင်းတွင် လည်း ပြည်ပတင်ပို့မှုလျော့ကျခြင်း ကြောင့် ပြည်တွင်းဈေးကွက်တွင်
ပိုလျှံမှုများမကြာခဏဖြစ်ပေါ်ရသည့် အတွက် ဈေးနှုန်းများ ကျဆင်းရ သည်ဟု သိရသည်။
''အသားတိုးကြက်မွေးမြူရေးကို ဆောင်ရွက်တဲ့နေရာမှာ
နည်းပညာ တွေမြင့်လာသလို စားသုံးသူအတွက် ဘေးထွက်ဆိုးကျိုး မရှိတဲ့ ဆေးဝါးနဲ့ အစာအာဟာရတွေကို
ရွေးချယ် အသုံးပြုသင့်ပါတယ်။ သို့သော်လည်း မွေးမြူရေးသမားတွေဘက်က ပြန် ကြည့်ရင် မွေးမြူရေးလုပ်ငန်းမှာ
အရှုံးနဲ့ရင်ဆိုင်နေရ တာတွေရှိပါတယ်။ မွေးမြူစရိတ်နဲ့ အစာဖိုး တောင်ပြန်မရတဲ့အခါ အလွယ်တကူနဲ့
ကြီးထွားနိုင်မယ့် ဈေးနှုန်းသက်သာတဲ့ အထွက် တိုးဆေးတွေ သုံးမိနိုင်တာကြောင့် ဈေးကွက်ကိုထိန်း
ကျောင်းဖို့ လိုအပ်နေတယ်''ဟု ဒေါက်တာမြင့်ကျော်က ပြောကြား သည်။
လက်လီနှင့် လက်ကားဈေးနှုန်းများ ကွာခြားနေခြင်းသည်
သားငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် အကြီးမား ဆုံးသောအခက် ခဲဖြစ်ပြီး ပြည်တွင်းကုန်စည်စီးဆင်းမှု
အဆင်ပြေစေရန်အတွက် ဦးစီးဌာနမှ ပူးပေါင်း လုပ်ဆောင်ပေးရန်နှင့် စည်ပင်ကဲ့သို့သောအဖွဲ့အစည်းများက
ပူးပေါင်းကာ ဈေးနှုန်းကြပ်မတ်ပေး ခြင်းများပြု လုပ်သင့်ကြောင်း မွေးမြူ ရေး လုပ်ငန်းလုပ်ကိုင် သူများက
မျှော် လင့်နေကြသည်။

No comments:
Post a Comment