ဗန်ကောက် ဇန်နဝါရီ ၁၇
ထိုင်းနိုင်ငံ လိပ်ကျွန်း(Koh Tao) လူသတ်မှု၌
စွပ်စွဲဖမ်းဆီးခံထားရသော မြန်မာအလုပ်သမား လူငယ်နှစ်ဦး၏ မိဘများမှ မောင်ဝင်းဇော်ထွန်း၏ဖခင်
ဦးထွန်းထွန်းထိုက်၏ ကျန်းမာ ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့
(Myan- mar Association in Thailand) နှင့် ရခိုင်အမျိုးသားကွန်ရက်တို့မှ ပူးပေါင်းကူညီပေးလျက်ရှိနေကြောင်း
သိရသည်။
အဆိုပါ မောင်ဝင်းဇော်ထွန်း၏ဖခင်ဦးထွန်းထွန်းထိုက်ကို
ဦးနှောက် အာရုံကြောနှင့်စိတ်ပိုင်းဆိုင်ရာအထူး ကု ဆရာဝန်တစ်ဦး၏ ညွှန်ကြားချက် အရ မြောက်ဥက္ကလာပဆေးရုံကြီး
၌ တက်ရောက်ကုသမှုခံယူစေခဲ့ ကြောင်းနှင့် ဇန်နဝါရီ ၁၃ ရက်က ဦးထွန်းထွန်းထိုက်ကို ဦးနှောက်
ဓာတ်မှန်နှင့် ဆေးစစ်ချက်များအရ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ် သော ဦးနှောက်တွင်းအကျိတ်
(Brain Tumor) ဖြစ်နေသည်ဟု တွေ့ရ ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး
ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုအဆောင် အခန်းနံပါတ် (၁ဝ)သို့ ဇန်နဝါရီ ၁၄ ရက်က ပြောင်းရွှေ့ခဲ့ရကြောင်းနှင့်
ယခု အခါ အရေးပေါ်ခွဲစိတ် ကုသမှုခံယူ ရန် စောင့်ဆိုင်းလျက်ရှိကြောင်းMAT အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ
ကိုစော မောင်၏ ဆက်သွယ်ပြောပြချက် အရ သိရသည်။
မြောက်ဥက္ကလာပဆေးရုံကြီးမှ ဆရာဝန်၊ ဆရာမများ၊
ရန်ကုန်ဆေးရုံ ကြီး ဦးနှောက်နှင့်အာရုံကြောဌာနမှ ဆရာဝန်ကြီးများက လူမှုရေးအရ စာနာထောက်ထားကာ
မေတ္တာ စေတနာဖြင့် အခမဲ့စမ်းသပ်ကုသ ပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁ဝ ရက်
နံနက် ၇ နာရီ ၁၅ မိနစ်က လိပ်ကျွန်း (Koh Tao) အမှုဖြစ်စဉ် နှင့်စပ်လျဉ်း၍ စွပ်စွဲခံရသူ
မောင်ဇော် လင်း၏မိခင်နှင့် ဦးလေးတို့သည်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိလာခဲ့ကြောင်း၊
စိတ်ကျန်းမာရေး ထိခိုက်နေသော မောင်ဝင်းဇော်ထွန်း၏ ဖခင်ကို ရခိုင်အမျိုးသားပါတီ အမြုတေအဖွဲ့မှ
ကိုအံ့မောင်နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ကိုခွန် တို့က ထိုင်းနိုင်ငံမှတစ်ဆင့်
လိုက်ပါ ပို့ဆောင်ခဲ့ရာ ဇန်နဝါရီ ၁၁ ရက် ည ၁၁ နာရီ ၄၃ မိနစ်က ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးသို့
ရောက် ရှိခဲ့ကြခြင်းဖြစ်ကြောင်းMAT အဖွဲ့မှ စုံစမ်းသိရသည်။
No comments:
Post a Comment