ဂါယာ ဇန်န၀ါရီ
၁၉
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး
ဒေါ်နန်းရွှေမှုန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး
ခရီး သွားရောက်ရန် ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီ မိနစ် ၄၀ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းဖြင့် ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ
သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင်
ရောက်ရှိကြသည်။
ဒုတိယသမ္မတအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ
သံအမတ်ကြီး ဦးဝင်းမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထိုင်းလေကြောင်း
ခရီးစဉ်ဖြင့် အိန္ဒိယနိုင်ငံ ဂါယာမြို့သို့ ဆက်လက် ထွက်ခွာကြရာ ဒေသ စံတော်ချိန် မွန်းလွဲ
၂ နာရီတွင် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂါယာမြို့သို့ ရောက်ရှိ ကြသည်။
ဒုတိယသမ္မတအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ
သံအမတ်ကြီး ဦးအောင်ခင်စိုး၊ ဂါယာခရိုင် တရားသူကြီးနှင့် တာဝန်ရှိသူများက ဂါယာလေဆိပ်၌
ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့်
ခေတ္တတည်းခိုမည့် Royal Residency ဟိုတယ်သို့ ရောက်ရှိကြသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်
ဗုဒ္ဓဂယာ မြန်မာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ကျောင်းထိုင် ဆရာတော်ကြီး အဂ္ဂမဟာ
သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိန္ဒအား ဖူးမြော် ကြည်ညိုပြီး စကျင်ဗုဒ္ဓ ရုပ်ပွား ဆင်းတုတော်မြတ်အား
လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် မဟာဗောဓိစေတီတော်မြတ်ကြီးသို့
ရောက်ရှိပြီး မဟာဗောဓိ စေတီတော်မြတ်ကြီးနှင့် မဟာဗောဓိ ညောင်ပင်အား ရွှေကြာသင်္ကန်းနှင့်
ရွှေဆိုင်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး
ဒေါ်နန်းရွှေမှုန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် သတ္တသတ္တာဟ (၇)ဌာနသို့ လှည့်လည် ဖူးမြော်
ကြည်ညိုကြပြီး ခေတ္တတ ည်းခိုမည့် Royal Residency ဟိုတယ်သို့ ပြန်လည် ရောက်ရှိကြသည်။


No comments:
Post a Comment