မြိတ်ဇန်န၀ါရီ၂၆ရက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေး
အမျိုးသားအဆင့် မဟာဗျူဟာ လုပ်ငန်းစီမံချက်ကို လက်တွေ့ဆောင်ရွက်မှုဖြင့် နိုင်ငံတော်သမ္မတ၏
ဂုဏ်ပြုခံ သက်ကြီးဝါကြီး ပုဂ္ဂိုလ်အဖြစ် အသိအမှတ် ပြုခံရသူများအား တနင်္သာရီတိုင်း ဒေသကြီး
အစိုးရအဖွဲ့မှ အိမ်တိုင်ယာ ရောက်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုငွေ
လှူဒါန်းပေးခြင်းကို ဇန်န၀ါရီလ (၂၆) ရက်နံနက် (၉း၃၀)နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လှူဒါန်းခြင်းတွင် နိုင်ငံတော်သမ္မတ၏
ဂုဏ်ပြုခံ သက်ကြီးဝါကြီး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရသော မြိတ်မြို့ တလိုင်းစုရပ်
ဝတ်တိုက်ကျောင်းလမ်းနေ အဘွားဒေါ်လူး (၁၀၆)နှစ်နှင့် မြစ်ငယ်ရပ်ကန်သာယာ လမ်းနေ အဘိုးဦးလှထွန်း အသက်(၁၀၁)နှစ်တို့၏ နေအိမ်များသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ
သွားရောက်၍ နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေ (၂)သိန်းကျပ်တို့ကို လှူဒါန်းပေးအပ်ခဲ့ကြပြီး အဘိုးအဘွားများအား
ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။
No comments:
Post a Comment