Tuesday, January 27, 2015

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများကော့သောင်းမြို့၊ အဏ္ဏ၀ါအထက ခွဲပညာရည်ချွန်ဆုနှင်း သဘင်နှင့် ပညာရေးစုံညီပွဲတော် တက်ရောက်ချီးမြှင့်

ကော့သောင်း ဇန်န၀ါရီ ၂၆
ကော့သောင်းမြို့၊အဏ္ဏ၀ါအထက ခွဲပညာရည်ချွန်ဆုနှင်းသဘင်နှင့် ပညာရေး စုံညီပွဲတော်ကို ဇန်န၀ါရီ ၂၅ ရက် မွန်းလွဲ(၁)နာရီက မဉ္ဇူသက ပြည်သူ့ခန်းမတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်နှင့် စည်ပင်သာယာရေးဝန်ကြီးဦးအောင်ကျော်ကျော်ဦးတို့ တက်ရောက် ချီးမြှင့် အားပေးသည်။
အစီအစဉ်အရအခမ်းအနားအားစတင်ဖွင့်လှစ်ပြီးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင် မှ အဖွင့်အမှာစကား ပြောကြားသည်။







ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်စိန်ဝင်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးနိုင်လင်းတို့က ပညာရေးဆိုင်ရာကိစ္စများ နှင့် ကျေးဇူးတင်စကား အသီးသီးပြောကြားသည်။
ထိုနောက် ၂၀၁၃ -၂၀၁၄ပညာသင်နှစ် အတွင်းစံပြဆုရဆရာမများ၊ ပညာရည်ချွန်ဆုရကျောင်းသား /သူများ၊ မြို့နယ်အဆင့် ၊ခရိုင်အဆင့် ၊ တိုင်းအဆင့် နိုင်ငံတော်အဆင့် အသီးသီးတွင် အားကစား၊ လူမှုရေး ၊ စာပေ၊ အနုပညာထူးချွန်သူများအားတာဝန်ရှိသူများ ကဂုဏ်ပြုဆု နှင့် ပညာရည်ချွန်ဆုများအသီးသီးပေးအပ်ကြသည်။

ထို့နောက် ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူများ၏ အကပဒေသာများ၊ တေးသရုပ်ဖေါ်များ၊ တေးဂီတဖျော်ဖြေမှု အစီအစဉ်များဖြင့် ကြွရောက်လာကြသည့် ဧည့်သည်တော်များ၊ ဌာဆိုင်ရာများ၊ ကျောင်းသားမိဘများအား ကပြသီဆိုဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment