နိုင်ငံတော် အစိုးရသည် နိုင်ငံတစ်ဝန်း အဘက်ဘက်မှ
ခေတ်မီဖွံ့ဖြိုးတိုးတက် အောင်ပြုပြင်ဆောင်ရွက်မှု လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
ထိုဆောင်ရွက်ချက်များထဲတွင် နှစ်ပေါင်းများစွာ
ပျောက်ကွယ်လုနီးပါးထိ တိမ်ကောနေသော ပန်းလှိုင်မြစ် ကြောင်း တူးဖော်သည့်လုပ်ငန်း စီမံကိန်းသည်လည်း
တစ်ခုအပါအဝင်ဖြစ်သည်။ ထို့အပြင် စပါးသီးနှံများနှင့် အခြားသီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊
ရေကြီးနစ်မြုပ်မှုလျော့ပါးသက်သာစေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိလာစေရေးစသည့်
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအား ရှေးရှုဦးတည်၍ အချိန်တိုအတွင်း ပြီးစီးအောင်မြင်၍
အကျိုး ခံစားရစေနိုင်သည့် ဆည်မြောင်းစီမံကိန်းများကိုလည်း စဉ်ဆက်မပြတ် မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
ဖော်ပြပါ ဆောင်ရွက်အကောင် အထည်ဖော်မှုများနှင့်စပ်လျဉ်း၍
ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း တည်ရှိနေသည့် တိမ်ကောပျောက်ကွယ်လု
နီးပါးဖြစ်နေသော ပန်းလှိုင်မြစ်ကြီးအား ဒေသအကျိုးနှင့်နိုင်ငံတော် အကျိုးကိုရှေးရှု၍
ယခုပွင့်လင်းရာသီတွင် တူးဖော်ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပန်းလှိုင်မြစ်သည်
ရှေးယခင်ကာလက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် မဲဇလီ၊ ဒလကျေးရွာမှ ရန်ကုန် တိုင်းဒေသကြီး
လှိုင်သာယာမြို့နယ်အထိ တစ်ထပ်သင်္ဘော၊ နှစ်ထပ်သင်္ဘောနှင့် လှေသမ္ဗန်၊ ဖောင်များဝင်ထွက် ခုတ်မောင်းသွားလာနိုင်သော
အခြေအနေထိရှိ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများပါ တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်
နိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ အတိုင်း အတာတစ်ခုအထိ အဆင်ပြေခဲ့ဖူးသော ဒေသဖြစ်သည်။အဆိုပါပန်းလှိုင်မြစ်သည်
နှစ်ကာလ အတန်ကြာ တိမ်ကောခဲ့သဖြင့် ယခုအခါယင်းမြစ်ကို အားထားရှင်သန်ကြရသော ပတ်ဝန်းကျင်ဒေသများ၏
ရေအကြောင်း ပြုခ က်ခဲမှုများ လျော့ပါးသက် သာစေရေးအတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှု
အပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူကာ
တူးဖော်ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း သိရသည်။
''ပန်းလှိုင်မြစ်ကြီးကို အခုလိုပြန်လည် တူးဖော်ပေးနေတာတွေ့ရတော့
ဝမ်းသာလိုက်တာဗျာ။ နိုင်ငံတော်က ကျွန်တော်တို့ လယ်သမားတွေ ရဲ့ မျှော်လင့်ချက် အိပ်မက်ရှည်ကြီးတစ်ခုကို
အကောင်အထည်ဖော် ပေးလိုက်တာပါပဲ။ 'ရွှေကိုမလို ရေကိုသာ လိုသည်ဆိုတဲ့' ကျွန်တော်တို့ရွာ
မိသားစုတွေ အခုတော့လိုနေတဲ့ ရေကို လိုသလောက်သုံးစွဲနိုင်တော့ မှာဖြစ်လို့ ပျော် ရွှင်နေကြပါပြီ။
နိုင်ငံတော်နဲ့ဆည်မြောင်းဦးစီးဌာနကိုလည်း အရမ်းကျေးဇူးတင်ရှိနေကြပါပြီဗျာ..''ဟု သံပရာချောင်းကျေးရွာမှ
လယ်သမားကြီး ဦးစိုးလွင်က ဝမ်းသာစကားဆိုသည်။
ပန်းလှိုင်မြစ်သည် ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်းရှိ
မဲဇလီ၊ ဒလကျေးရွာမှ ခတ္ထိယ ကျေးရွာအထိ အလျား ၈ ဒသမ ၆၂ မိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း
ခတ္ထိယကျေးရွာမှ ရန်ကုန်လှိုင်မြစ်ဝထိ ၂၅ ဒသမ ၅ မိုင်ခန့် မြစ်ကြောင်း အလျားစုစုပေါင်း
၃၄ မိုင်ကျော် တည်ရှိဖြတ်သန်းစီးဆင်းခဲ့ဖူးသော်လည်း ယခုအခါတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌
မဲဇလီ၊ ဒလကျေးရွာမှ အုန်းပင်စုရွာ အထိသာရေရောက်ရှိပြီး ထိုနေရာမှ ခတ္ထိယရွာထိ သိသိသာသာတိမ်ကောလျက်ရှိရာ
ပိတ်စွယ် ပင်တောနှင့်ကျူပင်တောများ မြစ်ကြောင်းပြည့် ပေါက်ရောက်ခြင်း၊မိုးရာသီကာလ ရေပိုစွန့်ထုတ်ရန်
တည်ဆောက်ထားခဲ့သော မြဂဲရေတံခါး၊ ခတ္ထိယ ရေတံခါးနှင့် ဘိုးတရေတံခါးများမှာလည်း ရေစီးဆင်းမှုအားနည်းပိတ်ဆို့
မှုဖြစ်ခြင်း၊ ရန်ကုန် တိုင်းဒေသကြီး အတွင်း၌လည်း လှိုင်မြစ်ဝမှ ကင်းရွာအထိသာ ရေရောက်ရှိ၍
ကင်းရွာအထက်ရှိ မြစ်ကြောင်း မှာလည်း ကျူပင်တောနှင့်ပိတ်စွယ်တောများ ထူထပ်စွာပေါက်ရောက်လျက်ရှိခြင်းတို့ကြောင့်
မရွှေဥရေတံခါး၊ စန္ဒယော်ရေတံခါးနှင့် ထိုးဝါးချောင်းရေတံခါး တို့မှာလည်း ရေစီးဆင်းမှုချို့ယွင်း၍
ပိတ်ဆို့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆည်မြောင်းဦးစီး ဌာန မှတ်တမ်းများအရသိရသည်။
ထိုကဲ့သို့သော အခြေအနေအခြင်း အရာများကြောင့်
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မိန့်မှာမှုဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဆည်မြောင်းဦးစီးဌာနတို့က အဆိုပါပန်းလှိုင်မြစ်ကြောင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်း စီမံကိန်းအား
ရေထဲသုံးမြေတူးစက်၊ မြေပေါ်သုံးမြေတူးစက်၊ မြေထိုးစက်၊ မြေသယ်ယာဉ်၊ စသည့်လုပ်ငန်းသုံး စက်ကိရိယာ
စုစုပေါင်းယန္တရားမျိုးစုံ အစီး၎ဝဝ ဖြင့် ယခုနှစ်ပွင့်လင်း ရာသီတွင် အဆိုပါစီမံကိန်းကို
အကောင် အထည်ဖော်ဆောင်ရွက် နေပြီဖြစ်ကြောင်းသိရသည်။
စပါးတွေ၊ ငါးတွေ ဆုံးရှုံးခဲ့ရတာ အခုဆိုလေးနှစ်လောက်ရှိရောပေါ့။
ကျွဲရေ၊ နွားရေကအစ သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေအဆုံး ဘာတစ်ခုမှ အဆင်မပြေခဲ့ပါဘူး။
ပန်းလှိုင်မြစ်ဆိုတာ ကျွန်တော်တို့ ဒီနယ်က လယ်သမားတွေရဲ့ အသက်ဗျ။ အခုလို တူးဖော်ပေးခြင်းဟာပြောရရင်
နိုင်ငံတော်က ကျွန်တော်တို့ကို အသက် ဆက်ပေးခြင်းတစ်မျိုးပါပဲ။ ဝမ်းသာတယ်ဗျာ...''ဟု
ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်စိုးက လှိုက်လှဲ ပွင့်လင်းစွာပြောသည်။
ပင်မလုပ်ငန်းဖြစ်သည့် ပန်းလှိုင်မြစ်ကြောင်း
ပြန်လည်တူးဖော်ခြင်းနှင့် တစ်ဆက်တည်း ရေပို ထုတ်နိုင်၊ အောင်ရေ ထိန်းနိုင်၊ ရေငန်တား ဆီးကာကွယ်နိုင်မည့်
မြစိမ်းရောင် ရေတံခါး၊ ထိုးဝါးချောင်းရေတံခါး၊ စန္ဒယော် ရေ တံခါး၊ မြောင်း တလုတ် ရေတံခါး၊
ဘိုးတရေတံခါး၊ ခတ္ထိယရေတံခါး၊ သံပရာချောင်းရေတံခါး၊ မင်္ဂလာရေတံခါး၊ ကုန်းရွာရေတံခါး၊
မရွှေဥရေတံခါး၊ မြဂဲရေတံခါး၊ သဝန်းတောရေတံခါးနှင့် ဇီးဖြူကုန်းရေတံခါးများအား ပြန်လည်ပြုပြင်ခြင်းနှင့်
ပန်းလှိုင်မြစ်ဝရေတံခါး၊ အဆိုပြု ဂျောင်ဝိုင်းရေတံခါး၊ အဆိုပြုသုံး အိမ်ရေတံခါးနှင့်
မဲဇလီ(၂) ရေတံခါး များအား အသစ်ထပ်မံတည်ဆောက်ပေးမည့်အပြင် လိုအပ်သော ရေခေါ်မြောင်းများ၊
လက်တံမြောင်းငယ်များ၊ရေတံခါးအထွက်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကိုလည်း အလျဉ်းသင့်သလို
ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ လိုအပ်သည့်နေရာများတွင် ရေချိုသွင်း-ရေငန်ထိန်းရေတံခါးများကိုလည်း
ထည့်သွင်းတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖော်ပြပါ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ပြီးစီးပါက
ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ တွံတေးမြို့နယ်၊ ထန်းတပင်မြို့နယ်နှင့်ညောင်တုန်း
မြို့နယ်များအတွင်း နွေစပါး ၂၇၈၉၅ ဧကနှင့် မိုးစပါး ၈၃၉၆၃ ဧက အပါအဝင် သီးနှံစိုက်ပျိုးမှုဧက
စုစုပေါင်း ၁၁၁၉၄၈ ဧကကို အကျိုးပြုနိုင်မည်ဖြစ်၍ ပန်းလှိုင်မြစ် ကြောင်းတစ်လျှောက်ရှိ
ကျေးရွာအုပ်စု ၂၉ အုပ်စုမှ အိမ်ထောင်စုပေါင်း ၁၆၃၃၉ ရှိ လူဦး ရေစုစုပေါင်း ၇ဝ၆၁၂ ဦးခန့်နှင့်
ယင်းမြစ်အကျိုးပြု ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု ၃၅ အုပ်စုမှ အိမ်ထောင်စု ပေါင်း ၂ဝ၈၃၃
ရှိ လူဦးရေ စုစုပေါင်း ၉၉ဝ၂ဝ တို့၏ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်
လူမှုစီးပွားဘဝများပါ တစ်ပါတည်းမြင့်မားတိုးတက်ပြီး ရေကြီးနစ်မြုပ်မှုများမှ လျော့ပါးသက်သာကာ
စိမ်းလန်း စိုပြည်လာ မည်ဖြစ်ကြောင်း သိရသည်။
''ဒီပန်းလှိုင်မြစ်ကြီး တိမ်ကောမှုကို အကြောင်းပြုပြီး
ဖြစ်ပေါ်လာရတဲ့ ဆုံးရှုံးမှုတွေက စပါးတစ်ခုတည်းတင် မဟုတ်ဘူးဗျ။သိတဲ့အတိုင်း 'ရေအသက်တစ်မနက်'
ဆိုသလို ရေမှမရှိတော့ စိုက်ရေးပျိုးရေးလည်း အဆင်မပြေ၊ မွေးမြူရေးလည်း အဆင်မပြေ၊ သောက်ရေသုံးရေလည်း
အဆင်မပြေတော့ဘူးပေါ့။ အဲ့ဒါတွေ အဆင်မပြေမှ တော့ ဒီဒေသရဲ့ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး
ဆိုတာတွေကကော ဖွံ့ဖြိုးတိုးတက် နိုင်ပါ့မလား။ အခုလိုပန်းလှိုင်မြစ်ကြီး တူးဖော်ပေးမှုဟာ
ကျွန်တော်တို့ ဒေသရဲ့နှစ်ရှည်လများဟာနေတဲ့ ကွက်လပ်ကို နိုင်ငံတော်က အချိန်မီဖြည့်ပေးလိုက်တာပါပဲ။အရမ်းဝမ်းသာတယ်။
အရမ်းလည်း ကျေးဇူးတင်တယ်ဗျာ...''ဟု အဆိုပါ ပန်းလှိုင်ဒေသရှိ ညောင်ရွာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး
ဦးလူအေးက အားပါးတရ ထောက်ပြ ပြောကြားသည်။
ယခု ဆောင်ရွက်လျက်ရှိသည့် ပန်းလှိုင်မြစ်ကြောင်း
တူးဖော်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပန်းလှိုင်မြစ်ကြောင်း အရှည် ၃၄ မိုင်ခန့်ကို အသစ်တစ်ဖန်
ပြန်လည် အသုံးပြုအသက်ဝင်စေရန် ဆည်မြောင်းဦးစီးဌာနရှိ ပညာရှင်များက ၂ဝ၁၄ ခုနှစ်တွင်
လုပ်ငန်းများစတင် အကောင်အထည် ဖော်ကြရမည် ဖြစ်ကြောင်း၊ ပန်းလှိုင်မြစ်တစ်လျှောက်ရှိ ဒေသခံ
ပြည်သူများအတွက် လူမှုစီးပွားတိုးတက်ရေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ ပို့ဆောင်
ဆက်သွယ်ရေး ကဏ္ဍများကိုပါ ကြီးမားစွာ အထောက်အကူပြုမည့် လုပ်ငန်းကြီးဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏
လမ်းညွှန် ချက်ပေါ်တွင် ဒေသနေပြည်သူများအတွက်သာမက ရန်ကုန် တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝကိုပါ
ကြီးမားစွာ အထောက်အကူပြုမည့် ဤလုပ်ငန်းစီမံကိန်းကို အထိရောက်ဆုံး၊အလျင်မြန်ဆုံး အကောင်အထည်ဖော်ရန်
ပညာရှင်များစုဖွဲ့ခြင်း၊ စက်ယန္တရားစုဖွဲ့ခြင်းနှင့်တစ်ချိန်တည်း၊ တစ်ပြိုင်တည်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊
ဇူလိုင် ၁၉ ရက်က ကွင်းဆင်းစစ်ဆေးစဉ် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး
(၉)မှ ဒုဦးစီးမှူး ဦးသိန်းဝင်းထွန်းကလည်း ''ကျွန်တော် တို့ ဒီပန်းလှိုင်မြစ်ကြီး တူးဖော်တဲ့လုပ်ငန်းမှာ
စီမံကိန်းပမာဏအနေနဲ့ ဆောင်ရွက်ရမည့်အလျားက ၃၄ မိုင်ဝန်းကျင် ပါ။ မြေကြီးကျင်းပမာဏကတော့
သိန်းသုံးဆယ်ခန့်ဖြစ်ပါတယ်။ ပွင့်လင်းရာသီအပြီး ဆောင်ရွက် သွားမှာပါ။ အခုကျွန်တော်ရှင်းပြခဲ့တာကတော့
ဒီစီမံကိန်းတစ်ခုလုံးရဲ့ ယေဘုယျအစီအစဉ်ပါ။ မြေပြင်မှာ လက်တွေ့ဆောင်ရွက်ရတဲ့အခါ ကြုံတွေ့လာရတဲ့အခြေ
အနေပေါ်မူတည်ပြီး အချုံ့အချဲ့ တစ်ခုခုလုပ်ရ တာမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်။အခုပဲကြည့်လေ
ကျွန်းဦးကျေးရွာ နယ်နိမိတ်ထဲမှာ သာသနာ့မြေ၊ ရေကန်နဲ့ သင်္ချိုင်းဧရိယာတွေနဲ့ပတ်သက်ပြီး
လုပ်ငန်းမှာ အခိုက်အတန့် ကြန့်ကြာသွားရ တာမျိုးတွေလည်း ကြုံတွေ့ရတယ်။ ပန်းလှိုင်မြစ်ကြီး
၃၄ မိုင်တူးဖော်တဲ့နေရာမှာ အားလုံးအဆင်ပြေတယ်။ ဒီပေတစ် ထောင်လောက်ကျမှ လာပြီးစကားပြောနေရတယ်။
မြစ်ကမြစ်ရဲ့ မူလတာဝန်ကို ပြန်လည် ထမ်းဆောင် နိုင်တဲ့အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပါ။
အခုလို ပြန်လည်တူးဖော်ပေး လိုက်ခြင်းအားဖြင့် ရွှေမယင်းကွင်း၊ အရွှဲကွင်း၊တက်သစ်ကျွန်း၊
ညောင်တုန်းကျွန်းတို့စတဲ့ ဒီမြစ်ကြောင်းနဲ့ ဆက်စပ်တဲ့ဒေသတွေမှာ နွေမိုးဆောင်
းရေချိုရမယ်။နွေစပါး စိုက်ပျိုးလို့လည်း အဆင်ပြေမယ်။သားငါးကဏ္ဍလည်း ပြန်ပြီးဖွံ့ဖြိုးလာမယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းလုပ်ငန်းကြီး ဆောင်ရွက်တဲ့နေရာမှာ ဒေသခံတွေကလည်း ကျွန်တော်တို့နဲ့ စိတ်တူကိုယ်တူ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေချင်ပါတယ်''ဟု ပြောသည်။
းရေချိုရမယ်။နွေစပါး စိုက်ပျိုးလို့လည်း အဆင်ပြေမယ်။သားငါးကဏ္ဍလည်း ပြန်ပြီးဖွံ့ဖြိုးလာမယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းလုပ်ငန်းကြီး ဆောင်ရွက်တဲ့နေရာမှာ ဒေသခံတွေကလည်း ကျွန်တော်တို့နဲ့ စိတ်တူကိုယ်တူ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေချင်ပါတယ်''ဟု ပြောသည်။
အဆိုပါ နှစ်ကာလအတန်ကြာ တိမ်ကောခဲ့ရသည့် ပန်းလှိုင်မြစ်ကြောင်းအား
ပြန်လည်တူးဖော် ဆောင်ရွက် ပြီးစီးပါက ထိုဒေသ တစ်လျှောက်ရှိ ပြည်သူလူထုများအတွက် ကျန်းမာရေး၊
စီးပွားရေး၊ လူမှုရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီး ဆင်းမှုများပါ မြန်ဆန်၍ နွေစပါး၊
မိုးစပါးနှင့်အခြားသီးနှံများ အပါအဝင် လယ်ယာ သားငါးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများပါ ဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း
သိရသည်။

No comments:
Post a Comment