ရန်ကုန်
ဇန်နဝါရီ ၁၆
နေပြည်တော်တွင် ဇန်နဝါရီ (၁၄) နှင့်
(၁၅) ရက်နေ့များတွင် ကျင်းပပြီးစီးခဲ့သော မြန်မာ-အမေရိကန် ဒုတိယအကြိမ် လူ့အခွင့်အရေး
ဆိုင်ရာ ဆွေးနွေးပွဲ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ တက္ကသိုလ်
ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင် ယနေ့နံနက် ပိုင်းက ကျင်းပရာ အမေရိကန်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီး
မစ္စတာ တွမ်မလီ နောစကီးနှင့်ဆွေးနွေးပွဲ တွင် ပါဝင်ခဲ့သော အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ
ကိုယ်စားလှယ်များ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နှင့်
သံရုံးတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် လက်ထောက်နိုင်ငံခြားရေး
ဝန်ကြီးက မြန်မာ-အမေရိကန် ပူးပေါင်း၍ လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဒုတိယ အကြိမ်အဖြစ်
အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း၊
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏
ထင်ရှားသည့် အကျိုးဆက် အဖြစ် ပွင့်လင်းမြင်သာပြီး အကျိုးဖြစ်ထွန်း သည့် ဆွေးနွေးပွဲများ အဖြစ်
မြင်တွေ့ရကြောင်း၊ ဆွေးနွေးပွဲတွင် တိုင်းရင်းသားများအရေး၊ လူ့အခွင့်အရေး ကာကွယ်တိုးမြှင့်ရေး၊
လွတ်လပ် မျှတသော ရွေးကောက် ပွဲများ ကျင်းပ နိုင်ရေး၊ လူ့သားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုအဖွဲ့များအတွက်
လုံခြုံစိတ် ချရ သော ပတ်ဝန်းကျင်ဖြစ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပိုမိုအားဖြည့်
ဆောင်ရွက်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာများ၊ နိုင်ငံသားဖြစ်တည်မှု တိုင်းတာ သည့်စံနှုန်းများနှင့်
ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလျှင်မြန်စွာ အကျိုးဖြစ်ထွန်း ရေးနှင့် လူမျိုးစုများကြား
နှစ်ဦးနှစ်ဘက် ယုံကြည်မှု ပိုမိုရရှိရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲ
ရလဒ်အနေဖြင့် ပူးတွဲ ကြေညာချက်ကို ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း
ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ပြည်တွင်းပြည်ပ
မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment