Saturday, January 17, 2015

၂၀၁၅ ခုနှစ် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် လူရွေးပြိုင်ပွဲများကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်
အားကစားဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး ကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ စင်္ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာအားကစား အောင်မြင်မှု ရရှိစေရေး အတွက် လူရွေးပြိုင်ပွဲများကို ယနေ့နံနက်





(၆)နာရီခွဲအချိန်၌ ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းပြုလုပ်ရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်ထောင်စု ဝန်ကြီးရုံး ရုံးအဖွဲ့မှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေး ခဲ့ပါသည်။
ရှေးဦးစွာ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအတွင်း ပြုလုပ်လျက်ရှိသော မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၄၀၀ တန်းကျော်ပြေး၊ မီတာ ၈၀၀၊ သုံးဆင့်ခုန်၊ သံပြား၊ မီတာ ၃၀၀၀ တားဆီးကျော်၊ ကြိုးတပ် သံလုံးပစ်၊ တန်းမြင့်ခုန်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှု အားပေးခဲ့ပြီး အားကစားသမားများ၊ နည်းပြများ၊ တာဝန်ခံ အုပ်ချုပ်သူများအား ဆီးဂိမ်းစံချိန်များကို ရရှိနိုင်စေရန်အတွက် အလေးထားကြိုးစား လေ့ကျင့်ဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။
ထိုမှတစ်ဆင့် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဝဏ္ဏသိဒ္ဓိရေကူးကန်သို့ သွားရောက်၍ အမျိုးသား၊ အမျိုးသမီး လူရွေးချယ်ပြိုင်ပွဲများယှဉ်ပြိုင်နေကြပုံများကို ကြည့်ရှုအားပေး ခဲ့ကြသည်။
လူရွေးပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား မီတာ ၂၀၀ အလွတ် ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က လည်းကောင်း၊ အမျိုးသမီးမီတာ (၁၀၀)အလွတ်ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အား ပြည်ထောင်စု ဝန်ကြီးရုံး ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လည်းကောင်း၊ အမျိုးသားမီတာ (၅၀)လိပ်ပြာ ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဒုတိ ယညွှန်ကြား ရေးမှူးချုပ် ဦးသက်လွင်ကလည်း အသီးသီးဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment