Thursday, January 29, 2015

ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁/၂၀၁၅) အခမ်းအနားကျင်းပ


ဟားခါး  ဇန်န၀ါရီ  ၂၈
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ခုနှစ်တွင် အဆင်ပြေ ချောမွေ့စွာကျင်းပပြီးစီးနိုင်ရေးအတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၅)ကို ဇန်န၀ါရီ ၂၇ ရက်မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ပြည်နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလျန်အုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် ရွေးကောက်ပွဲ အရာရှိဦးလင်းကျော်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသော ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက အခြေခံမဲဆန္ဒရှင် စာရင်း များအားကွန်ပျူတာအတွင်း ထည့်သွင်းခြင်းလုပ်ငန်းများတွင် ဌာနဆိုင်ရာများက ကူညီဆောင်ရွက် ပေးနိုင်ရေး၊ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုရာ၌ နိုင်ငံ့ဝန်ထမ်းများ မဲဆန္ဒရှင်စာရင်းတွင် ပါဝင် ထည့်သွင်း နိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ မပြုလုပ်ရသေးသူများအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ ဆောင်ရွက်နိုင်ရေး၊ မဲဆန္ဒနယ် ပြင်ဆင်သတ်မှတ်နိုင်ရေး စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment