Tuesday, January 20, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယား သမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော် ၊ ဇန်န၀ါရီ (၁၉)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကိုရီးယား သမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ ချွန်ယွီ ဟွာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ (၂) နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 
 ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးကျော်ဆန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးမောင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဘတ်ဆွန်းနှင့် အဖွဲ့ဝင်များ  တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့် တည်ဆောက်ရေး၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေသည့် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နည်းပညာ အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကင်းထောက် လူငယ်များ ပြုစု ပျိုးထောင်ရေး လုပ်ငန်းများတွင်  ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ အပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

No comments:

Post a Comment