ရန်ကုန် ဇန်နဝါရီ
၂၈
နိုင်ငံအတွင်း ကုန်စည်ကူးသန်း ရောင်းဝယ်မှု ပိုမိုမြန်ဆန်စေရေးနှင့်
နိုင်ငံခြားတင်ပို့မှု လွယ်ကူစေရေး အတွက် ကုန်စည်သယ်ယူ မှု ဆိပ်ခံတံတားများကို သီလဝါစက်မှုဇုန်အတွင်း
ကမ်းနားမြေကွက်များပေါ်၌ တည်ဆောက်ရန် လျာထားဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
''ဆီထွက်သီးနှံတွေနဲ့ ပတ်သက်တဲ့ ဆိပ်ခံတံတားတစ်ခုနဲ့ ကောက်ပဲသီးနှံတွေ
သယ်ယူပို့ဆောင်နိုင်မယ့် ဆိပ်ခံ တံတားတစ်ခု စီကို တည်ဆောက်သွားပြီး ကုန်စည်တင်ပို့ရေးအတွက်
ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါပေမယ့် လုပ်ငန်းစတင်နိုင်ဖို့ အတွက် မြေယာပိုင်ဆိုင်မှုကို
အရင်ဆုံးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြေရှင်တွေအတွက် အကျိုးခံစားခွင့်တွေကို ဆောင်ရွက်ပေး မှာဖြစ်လို့
အထောက်အထားနဲ့တကွ ပြောကြား မယ်ဆိုရင် အားလုံး အဆင်ပြေအောင် ညှိနှိုင်းပြီးချိန်မှာတော့
ဆိပ်ခံတံတားတွေ စတင်တည်ဆောက် မယ်''ဟု မြန်မာနိုင်ငံလယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း
(MAPCO) မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
အဆိုပါတည်ဆောက်မည့် နေရာများမှာ မြေကွက်အမှတ် ၂၇ မှ ၂၉ အထိဖြစ်ကြောင်း
သိရသည်။ ဆိပ်ခံ တံတားများ တည်ဆောက်မည့် စီမံကိန်းကြောင့် မြေဈေးများထိခိုက်မှုမရှိသော်လည်း
တည်ဆောက်ပြီးစီး သွားပါက အနီးပတ်ဝန်း ကျင်မြေကွက်များ ဈေးနှုန်းလှုပ်ခတ်နိုင်ကြောင်း
စက်မှုဇုန်မြေကွက် အကျိုးဆောင် ကိုထွန်းမင်းဝင်းက ပြောသည်။
မြေကွက်များနှင့် ပတ်သက်သည့် မြေယာကိစ္စရပ်များ ဖြေရှင်းညှိနှိုင်းခြင်းကို
ယခုအချိန်မှ စတင်ဆောင်ရွက် နေပြီး တည်ဆောက်ရေးလုပ်ငန်း များကို မကြာမီစတင်နိုင်ရန်
မျှော်မှန်းထားကြောင်း MAPCO မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။
No comments:
Post a Comment