Thursday, January 29, 2015

ပန်လှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်


နေပြည်တော် ဇန်နဝါရီ ၂၈
စိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုခဲ့သော ပန်းလှိုင်မြစ်သည် နှစ်ကာလကြာမြင့်မှုကြောင့် မြစ် ကြောင်းတစ်လျှောက် တိမ်ကောသွားခဲ့ရာ ပြည်သူများ၏ လိုလားတောင်း ဆိုမှုများအရ ပြန်လည်တူးဖော်ခြင်း ကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ စတင် ပြီး စက်ယန္တရားပေါင်း ၃၄၄ စီးဖြင့် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပန်းလှိုင်မြစ်ပြန်လည် တူးဖော်ရေးလုပ်ငန်းခွင်သို့ ဇန်နဝါရီ ၂၅ရက် ညနေ ၃ နာရီက ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်ရောက်ရှိပြီး မိုးဦးမကျမီလုပ်ငန်းများ ပြီးစီးရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ရန်နှင့် မြစ်ကြောင်း ပြန်လည်တူးဖော်ရာမှ ထွက်ရှိလာသော မြေသားများကို မြစ်ကြောင်းဝဲ-ယာတစ်လျှောက် မော်တော်ယာဉ် မောင်းနှင်နိုင်မည့် ကားလမ်းဆက်သွယ် ရေးလမ်းကြောင်းတစ်ခု ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာရေး အတွက် လိုအပ်သော နေရာများတွင် မြစ်ကူး တံတားများ၊ ချောင်းကူး တံတားများကို ထည့်သွင်း တည်ဆောက် ရန် နေရာများ ရွေးချယ်သတ်မှတ်ပေးခဲ့သည်။

ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို အလျား ၃၄ ဒသမ ၁၅ မိုင်ကို အကျယ်ပေ ၁၅ဝ၊ အနက် ၁၈ ပေ တူးဖော်မည်ဖြစ်ပြီး ခေတ်မီရေထိန်း တံခါးတည်ဆောက်ရေး လုပ်ငန်းများကို နယ်သာလန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ အကူအညီဖြင့် တည်ဆောက်သွားနိုင်ရန် ဒီဇိုင်းပုံစံ ထုတ်ခြင်းလုပ်ငန်းများ၊ စီမံချက်ရေးဆွဲ ခြင်း လုပ်ငန်းများကို မိုးမကျမီ ရာနှုန်းပြည့်ပြီးစီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

No comments:

Post a Comment