Thursday, January 22, 2015

တွန်ဂါ၌ မီးတောင်ပေါက်ကွဲမှုကြောင့် ကျွန်းသစ်တစ်ကျွန်းပေါ်ပေါက်




ဝယ်လင်တန် ဇန်နဝါရီ ၂၁
တွန်ဂါနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် ကျွန်းသစ်တစ်ကျွန်း ပေါ်ပေါက်လာ ခဲ့ကြောင်း၊ယင်းကျွန်းသစ်ကို အနီး ကပ် လေ့ လာကြည့်ရှုနိုင်ရန် နယူးဇီလန် မီးတောင် ဗေဒပညာရှင်တစ်ဦးက ကြိုးပမ်းခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများ က ဇန်နဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

တွန်ဂါနိုင်ငံ မြို့တော်နုကူယာလိုမာ အနောက်မြောက်ဘက် ၆၅ ကီလိုမီတာ (မိုင် ၄ဝ) ခန့်အကွာရှိ မီးတောင်သည် သမုဒ္ဒရာအ တွင်း ပေါက်ကွဲလျက်ရှိသည်မှာ တစ်လမျှရှိခဲ့ပြီဖြစ်ကြောင်း၊မီးတောင်ပေါက်ကွဲမှုကြောင့် ပစိဖိတ်ကျွန်း စုနိုင်ငံဖြစ်သော တွန်ဂါ နိုင်ငံသို့ပျံသန်းသည့် နိုင်ငံတကာလေကြောင်း ခရီးစဉ်များကိုလွန်ခဲ့သည့် ရက်သတ္တပတ်က ဖျက်သိမ်းခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။
နယူးဇီလန်နိုင်ငံမှ မီးတောင်ဗေဒပညာရှင် နီကိုးမော်နီယာသည် မီးတောင်ပေါက် ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျွန်းအ သစ်တစ်ကျွန်းကို အနီးကပ်လေ့ လာနိုင်ရန် ကျွန်းသစ်မှ တစ်မိုင်ခန့်အကွာသို့ လှေဖြင့်ချဉ်းကပ်ခဲ့သည်။အဆိုပါ ကျွန်းကို ချော်ခဲ များဖြင့် ဖွဲ့စည်းထားပြီး ကျွန်း၏အရွယ်အစားမှာ အရှေ့မှ အနောက်သို့ ၁ ဒသမ ၈ ကီလိုမီတာ(၁ ဒသမ ၁မိုင်)၊  တောင်မှ မြောက်သို့ ၁ ဒသမ ၅ ကီလို မီတာ (သုည ဒသမ ၉ မိုင်)ခန့်ရှိကြောင်း၊ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁ဝဝ ခန့်အထိ ထိုးထွက်နေသောကျွန်းဖြစ်ကြောင်း မော်နီယာက ပြောကြားသည်။ယင်းကျွန်းသည် ခိုင်မာမှုမရှိသဖြင့် မကြာမီပျောက်ကွယ် သွားနိုင်ကြောင်း ၎င်းကပြောသည်။

ပီတီအိုင်။

No comments:

Post a Comment