နေပြည်တော် ဇန်နဝါရီ ၂၇
ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ
ဦးတီခွန်မြတ်သည် UNFPA (The United National Fund For Population Agency) မှ Ms.
Janet E.Jackson (UNFPA Represntative) နှင့် Ms.Elaine Chan (Human Rights
Officer, OHCHR) တို့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်
အမှတ် (I-2) ဥပဒေကြမ်းကော်မတီ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထို့သို့တွေ့ဆုံရာတွင် မြန်မာဗုဒ္ဓ ဘာသာဝင်မိန်းမများ
အထူးထိမ်းမြား ခြင်း ဆိုင်ရာ ဥပဒေကြမ်း၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ
ဥပဒေကြမ်း၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း
ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment