ထားဝယ် ဇန်န၀ါရီ
၂၇
NRC (Norwegian
Refugee Council) နော်ဝေအခြေစိုက် အကြံပေး ကူညီရေးအဖွဲ့မှ NRC ပညာရေး စီမံချက် ပရိုဂရမ်
မန်နေဂျာ Mrs. Terese မှ ဦးဆောင်စီစဉ်ပြုလုပ်သည့် NRC အသက်မွေးဝမ်းကျောင်း နှင့်ဘ၀အတွက်ကျွမ်းကျင်မှုများ၊
ပညာရေးစင်တာ အပတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉၀၀)နာရီ တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်မြို့၊ဆန်းချီရပ်၊ စက်မှုလက်မှု ကျောင်းတွင် ပြုလုပ်ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးဇော်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်း သားရေးရာဝန်ကြီးဦးစောဟာဗီ၊NRC
မှ ပရိုဂရမ်မန်နေဂျာ Mrs. Terese နှင့်တာဝန်ရှိသူများ၊ KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး
ဖဒိုသောသီဖေ နှင့် KNUဆက်ဆံ ရေးရုံးတာဝန်ခံ ဖဒိုဝင်းခိုင်၊ UNHCR အဖွဲ့မှ ကွင်းဆင်း
အရာရှိ ဦးသန်းမောင်၊ ထားဝယ်မြို့၊ အနောက်မြို့တွင်း ရပ်ကွက်၊ ခရစ်ယာန်ကျောင်း သင်းအုပ်ဆရာ
ဖာသာဂျိုးဇက်သိန်းခင်၊ ထားဝယ်ခရိုင်(၄)မြို့နယ်ရှိ သင်တန်းသား သင်တန်းသူ(၁၂၀)ဦး တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးဇော်လွင် က အဖွင့်အမှာစကား ပြောကြားပြီး ပရိုဂရမ်မန်နေဂျာ Mrs.
Terese က သင်တန်းဖွင့်အမှာစကားပြောကြား၍ KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး
ဖဒိုသောသီဖေ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသား/သင်တန်းသူများက
“ရိုးရှင်းသောဘ၀” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး တက်ရောက်လာသူများ နှင့် အမှတ်တရဓါတ်ပုံ
ရိုက်၍ သင်တန်းကို ဇန်န၀ါရီလ(၂၇)ရက်နေ့မှစ၍ (၃)လခွဲ တိတိ သင်ကြားပို့ချမည်ဖြစ်ကြောင်း
သတင်းရရှိ သည်။
No comments:
Post a Comment