Wednesday, January 14, 2015

(၆၃)နှစ်မြောက် ကယားပြည်နယ် နေ့အထိမ်းအမှတ် ရိုးရာလှေလှော် ပြိုင်ပွဲ လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၁၃
(၆၃)နှစ်မြောက် ကယားပြည်နယ် နေ့အထိမ်းအမှတ် ရိုးရာလှေလှော် ပြိုင်ပွဲနှင့် သရုပ်ပြပွဲကို ဇန်နဝါရီ ၁၁ ရက် နံနက် ၁ဝ နာရီက လွိုင်ကော် မြို့ နောင်ယားကန်သာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အင်းသားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ရိုးရာယဉ်ကျေးမှုသရုပ် ပြအစီအစဉ်၌ ရှေ့ဆုံးတွင် ပြည်ထောင်စုတိုင်းရင်းသားများ အေးအတူပူအမျှ တစ်လှေတည်းစီး တစ်ခရီးတည်းသွား စုပေါင်းညီညာစွာ အတူလက်တွဲ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်သစ်ဆီသို့ ချီတက်ကြရန် ရည်ရွယ်၍ ပြည်ထောင်စုလှေကိုလည်းကောင်း၊ ၄င်းနောက်မှ ကယားမျိုး နွယ်စုလှေ၊ ကယားတီးဝိုင်းလှေ၊ ၄င်းနောက်မှ အင်းလေးဒေသ၏ ရိုးရာအစဉ်အလာအတိုင်း ဘုရားသို့ဆွမ်းတော်၊ ပန်းတော်များ ဆက်ကပ် လှူဒါန်းရန်သွားသော ဆွမ်းတော်ပန်း တော်လှေ၊ ဆွမ်းအုပ်ပို့လှေ၊ ရှင် လောင်းလှေ၊ ဓနုတီးဝိုင်းလှေ၊ ကျောင်းသွားလှေ၊ ငါးဖမ်းလှေ၊ ဈေးသွားလှေများဖြင့် စီတန်း၍ နောင်ယားကန်သာအတွင်း လှည့် လည်သရုပ်ပြသကြသည်။ ထို့နောက် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲများ ကျင်းပနေစဉ် ဒေသခံတိုင်းရင်းသား တို့၏ တေးဂီတဖျော်ဖြေပွဲများ၊ အင်း သားရိုးရာရေပေါ် အကများဖြင့် ဖျော် ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယားကန်သာအတွင်း ကျင်းပလျက်ရှိသော (၆၃)နှစ်မြောက် ကယားပြည် နယ်နေ့အထိမ်းအမှတ် ခေါင်းအုံးရိုက် ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲ၊ ငါးမျှားပြိုင်ပွဲ၊ ဝါးလုံးလမ်း လျှောက်ပြိုင်ပွဲများနှင့် လှေလှော်ပြိုင် ပွဲများသို့ သွားရောက်ကြည့်ရှုအားပေး ပြီး ဆုရရှိကြသည့် ပြိုင်ပွဲဝင်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ တို့ကဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment