Thursday, January 29, 2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ




နေပြည်တော်  ဇန်နဝါရီ ၂၉

ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ယနေ့အစည်းအဝေးတွင် “၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း” တို့နှင့်စပ်လျဉ်း၍  ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင် က ဝန်ကြီးဌာနအနေဖြင့် သာမန်အသုံးစရိတ် (၄၀၇ ဒသမ ၅)ဘီလီယံ၊ ငွေလုံးငွေရင်း (၃၄၉ ဒသမ ၉)ဘီလီယံ စုစုပေါင်း (၇၅၇ ဒသမ ၄)ဘီလီယံ တင်ပြထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စုစုပေါင်းရန်ပုံငွေ၏ သုံးပုံနှစ်ပုံကို ပြည်သူများအား ဆေးဝါးကုသရေး အတွက် လျာထားပါကြောင်း၊ ဆေးရုံဆေးခန်းကို တိုက်ရိုက်တာဝန်ခံသည့် ကုသရေးဦးစီးဌာန၏ အသုံးစရိတ်ကိုကြည့်မည်ဆိုလျင် လစာစရိတ်စသည့် Operating Cost သည် ၂၀ရာခိုင်နှုန်း၊ ဆေးဝါးများထောက်ပံ့ရန်အတွက် ၂၈ရာခိုင်နှုန်း၊ ကုသမှုအတွက် စက်ပစ္စည်းများဝယ်ယူရန် ၂၀ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံသည့် အဆောက်အဦများတိုးချဲ့ရန် ၃၃ရာခိုင်း နှုန်း သုံးစွဲမည်ဖြစ်ပါကြောင်း။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကျန်းမာရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေမျာတင်ပြတောင်း ခံရာတွင် အထူးအစီအစဉ်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ဆေးကုသမှုပေးနိုင်ရန် ငွေစာရင်းခေါင်းစဉ် ၀၃၁၆ ဆေးကုသစရိတ်သည် ကျပ် (၃၇) ဘီလီယံလျာထားပါကြောင်း၊ ဝန်ထမ်းအင်အား (၉)သိန်းကျော်ကို ပျမ်းမျှ လေးသောင်းနှုန်းဖြင့် တွက်ချက်တင်ပြထားပါကြောင်း၊ ဆေးကုသပေးရာတွင် ပြည်သူများကို အခမဲ့ဆောင်ရွက်ပေးသည့်  Basic Package အပြင် ထပ်ဆောင်းအစီအစဉ် Benefit Package များ ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးတင်မြင့် က ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၅ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများတွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် သာမန်ရငွေ ကျပ်(၀ ဒသမ ၀၅၀)သန်း၊ သာမန်အသုံးစရိတ်ကျပ် (၇၇၄ ဒသမ ၉၇၀)သန်း၊ ငွေလုံးငွေရင်းအသုံး စရိတ် ကျပ် (၄ ဒသမ ၄၀၀) သန်း ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင် ပါရန် ရှင်းလင်းတင်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က လုပ်ငန်းစဉ် (၆)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာနှစ် ပြည်ထဲရေးဝန်ကြီး ဌာန၏ နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှုတွင် ငွေလုံးငွေရင်းအသုံးစရိတ်စုစုပေါင်းသည် ကျပ် (၄၄ ဒသမ ၀၄၉)ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ဆောက်လုပ်ရေးအသုံး စရိတ် ကျပ် (၃၃ ဒသမ ၇၁၃) ဘီလီယံ၊ စက်နှင့်စက်ပစ္စည်းအသုံးစရိတ် ကျပ် (၈ ဒသမ ၂၀၉) ဘီလီယံ၊ အခြားအသုံးစရိတ် ကျပ် (၂ ဒသမ ၁၂၆)ဘီလီယံဖြင့် လုပ်ငန်းများဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ရငွေများအပိုင်းတွင် သာမန် ရငွေ၌ အခွန်လေးမျိုးကောက်ခံရရှိမှုမှ ရငွေကျပ် (၉၂၃ ဒသမ ၈၄၂)သန်းနှင့် သာမန်ရငွေကျပ် (၁၆ ဒသမ ၀၃၂)ဘီလီယံ၊ စုစုပေါင်း ရငွေကျပ် (၁၆ ဒသမ ၉၅၅)ဘီလီယံ လျာထားခြင်းဖြစ်ပါ ကြောင်း၊ ငွေလုံးငွေရင်း ရငွေအနေဖြင့် လျာထားချက်မရှိပါကြောင်း။

သုံးငွေများအပိုင်းတွင် သာမန်အသုံးစရိတ် လျာထားငွေကျပ် (၂၄၁ ဒသမ ၉၆၈)ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ် လျာထားငွေကျပ် (၄၄ ဒသမ ၀၄၉) ဘီလီယံနှင့် ကြွေးမြီအသုံး စရိတ်တွင် မီသတ်ဦးစီးဌာနအတွက် ကျပ် (၃၂ ဒသမ ၈၀၃)သန်းတို့ကို လျာထားခြင်းဖြစ်ပါ ကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေး က သာသနာရေး ဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း စာရင်းချုပ် အနေဖြင့်  ဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် စသည့် ဌာနကြီးလေးခုအတွက် သာမန် အသုံးစရိတ်လျာထားချက် ကျပ် (၁၂၈၁၀ ဒသမ ၆၁၁)သန်းဖြစ်ပြီး ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက် ကျပ် (၁၅၆၅ ဒသမ ၄၉၆)သန်း ဖြစ်ပါကြောင်း၊ ကြွေးမြီအသုံးစရိတ်မရှိပါကြောင်း၊ သာမန်နှင့် ငွေလုံးငွေရင်းအ သုံးစရိတ်လျာထားချက်စုစုပေါင်း ကျပ် (၁၄၃၇၆ ဒသမ ၁၀၇)သန်း ဖြစ်ပါကြောင်း။


၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်များ အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ ဘဏ္ဍာရေးကော်မရှင်၏ စိစစ်ချက်ဖြင့် ဝန်ကြီးဌာနအတွက် အမှန်တကယ်သုံးစွဲမည့် လျာထားချက်ကိုသာ တင်ပြခြင်းဖြစ် ပါ၍ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။ 

No comments:

Post a Comment