Friday, January 30, 2015

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ကျေးလက်လူငယ်များ သက်မွေးပညာရပ်များကို ဆွစ်ဇာလန်က အခမဲ့သင်ကြားပေးမည်

ရန်ကုန် ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတွင် ကျေးလက်နေ ပြည်သူများက ဦးရေများပြားသည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် ရန် ဒေသခံကျေးလက်လူငယ်များကို အသက်မွေးဝမ်းကျောင်းပညာများ၊ စီးပွားရေးလုပ်ကိုင်နိုင်မည့် ပညာရပ် များကို ကျွမ်းကျင်စွာတတ်မြောက်ရန် လိုအပ်သည်။ ယခုအခါ ဆွစ်ဇာ လန်နိုင်ငံမှနေ၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် ကျေးလက် အခြေပြု သက်မွေးပညာသင်တန်းများ ကို လူငယ်များအား အခမဲ့သင်ကြား ပေးတော့မည်ဖြစ်သည်။


ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် ကရင် ပြည်နယ်ကျေးလက်များတွင် လူငယ် များအား သက်မွေးပညာများသင်ကြား ပေးမည့်အစီအစဉ်မိတ်ဆက်ပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် မင်း၊ ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ သံအမတ်ကြီး Christoph Burgener နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ပြီး ဆွေးနွေးမေးမြန်းခဲ့ကြသည်။

''ကျေးလက် အခြေပြုလူငယ်တွေ ကို ဦးစားပေးသင်ကြားပေးမှာ ဖြစ်လို့ ကျွမ်းကျင်တဲ့ လုပ်သားတွေ ထွက်ပေါ်လာပြီး မိသားစုဘဝရော ကျေးလက် ဖွံ့ဖြိုးမှုတွေမှာပါ အထောက်အကူ ပြုနိုင်မှာပါ''ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ပြော သည်။

တစ်ဖန် မွန်ပြည်နယ် မော်လမြိုင် မြို့ စထရင်းဟိုတယ်၌ ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သော ကျေးလက်အခြေပြု သက်မွေးပညာ များ သင်ကြားပေးမှုသင်တန်းများ မိတ်ဆက်ပွဲတွင်လည်း ''မွန်ပြည်နယ် ကျေးလက်တွေမှာ နေထိုင်ကြတဲ့ လူငယ်တွေကို သက်မွေးဝမ်းကျောင်း ပညာတွေ အခမဲ့သင်ကြားပေးမယ့် အပြင် ထောက်ပံ့မှုတွေလည်း ဖြည့် ဆည်းပေးမယ့် ဆွစ်ဇာလန်နိုင်ငံကို ကျေးဇူးတင်ပါတယ်။ မွန်ပြည်နယ် ကို ဆွစ်ဇာလန်နိုင်ငံလိုဖြစ်အောင် တဖြည်းဖြည်း ကြိုးစားဆောင်ရွက် သွားမယ်'' ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ကပြောသည်။

မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်နှင့် အသက်မွေးဝမ်း ကျောင်းသင်တန်းကဏ္ဍတွင် အရေး ကြီးသည့် အစီစဉ်တစ်ခုဖြစ်သော အသက်မွေးဝမ်းကျောင်း ကျွမ်းကျင် မှု အတတ်ပညာဖွံ့ဖြိုးမှုအစီအစဉ် (VSDP) ကို ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SDC) က ရန်ပုံငွေ အမေရိကန်သန်း ၂ဝ ခန့် ထောက်ပံ့ပေးထားသည်။

ကျေးလက်အခြေပြုသက်မွေး ပညာသင်တန်းများကို ဆွစ်နည်း ပညာပူးပေါင်းဆောင်ရွက်ရေး ဖောင် ဒေးရှင်း (Swisscontact) နှင့် အသက်မွေးဝမ်းကျောင်းသင်တန်း၊ အလုပ်သမားဈေးကွက်နှင့် လူမှုရေးဆိုင်ရာ မူဝါဒများ ချမှတ်ရေးအတွက် လုပ်ဆောင်နေသည့်ဂျာမန်အခြေစိုက် ကုမ္ပဏီ (INBAS) တို့ ပါဝင်သော အကောင်အထည် ဖော်ရေး ညွန့်ပေါင်းအဖွဲ့မှ ဆောင်ရွက်ခြင်းဖြစ် သည့်အပြင် နိုင်ငံတကာ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်း ဆိုင်ရာ အဖွဲ့ အစည်း (IOM) နှင့်လည်း ပူးတွဲ ဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိ သက်မွေးပညာရပ်များ ကိုသင်ကြားရန် အခွင့်အရေးလက် လှမ်းမမီသူများအား ကျေးလက်အထိ သွားရောက်ကာ အခမဲ့သင်ကြား ပေးမည်ဖြစ်သည်။ ကျေးလက်အခြေ ပြု သက်မွေးသင်တန်းများတွင် လျှပ်စစ်ဆိုင်ရာ ကျွမ်းကျင်မှုသင် တန်း၊ အလှပြင်ဆင်မှုသင်တန်း၊ စက်ချုပ်သင်တန်းနှင့်ကျေးရွာ ဖွံ့ဖြိုး မှုသင်တန်း၊ စိုက်ပျိုးရေးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု အခြေခံ သင်တန်းများအပြင် မိုဘိုင်းဖုန်းပြင် ဆင်ပညာသင်တန်းများလည်း သင် ကြားပေးမည်ဖြစ်သည်။

သင်တန်းများကို ပထမဦးစွာ ကျေးလက်ဒေသခံဆရာ ၂ဝဝ ကို သင်တန်းပေး မွေးထုတ်ပြီးနောက် လက်တွေ့အသုံးချပညာရပ်များကို လူငယ်များအားအခမဲ့သင်ကြားပေး မည်ဖြစ်သည်။ သင်တန်းကာလမှာ သုံးလဖြစ်ပြီး တစ်နှစ်လျှင်သုံးကြိမ် ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ရာ တက်ရောက်မည့် လူငယ်များရှိရာ ကျေးလက်များတွင် အဆိုပါ ဆရာ များကသွားရောက်သင်ကြားပေးမည် ဖြစ်သည်။

ကျေးလက်လူငယ်များကို သင် ကြားပေးရာတွင် နေ့စဉ်သင်တန်း စရိတ်များ၊ ကျွေးမွေးမှုများဖြည့် ဆည်းပေးမည်ဖြစ်ပြီး သင်ကြားမှု ပြီးဆုံးပါက တတ်မြောက်သည့် ဘာသာရပ်အလိုက် အထောက်အကူ ပစ္စည်းများဖြစ်သော အပ်ချုပ်စက် များ၊ ပြင်ဆင်သည့် ကိရိယာများ စသည်တို့ကိုလည်း အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ တစ်ဖန် လက်တွေ့အကောင်အထည်ဖော်လုပ် ကိုင်မှုအပြင် ဈေးကွက်များ ချိတ် ဆက်ပေးနိုင်ရန်လည်း ဒေသတွင်း လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေး သွားရန် စီစဉ်ထားသည်။

ဆွစ်ဇာလန်နိုင်ငံမှကူညီ ထောက် ပံ့သည့် ယခုအစီအစဉ်သည် ကနဦး အဖြစ် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် အထိ လေးနှစ်တာကာလအတွင်း ဖြစ်ရာ ယင်းကာလအတွင်း မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ကျေးလက်မှလူငယ်အမျိုးသား အမျိုး သမီး ၃ဝဝဝ ကျော်တို့မှာ သက်မွေး ပညာတတ်မြောက်သူများ ဖြစ်လာ ကြမည့်အပြင် ကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ်များလည်း ရရှိ ကြမည်ဖြစ်သည်။


မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါး မှုလျှော့ချရေးကို ထိရောက်စွာ ထောက်ပံ့ပေးနိုင်သည့် အစီအစဉ် တစ်ရပ်ဖြစ်ရာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် ကျေးလက် လူငယ်များသက်မွေးပညာကျွမ်းကျင် သူများအဖြစ် ရောက်ရှိလာတော့မည် ဖြစ်သည်။

No comments:

Post a Comment