နေပြည်တော် ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံအား
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်
များနှင့် ပတ်သက်ပြီး ကုသလမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆက်ဆံရေး ဆပ်ကော်မတီမှ
ကမကထ ပြုလုပ်လျက် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်း များနှင့် တိုးမြှင့် ပူးပေါင်း ဆောင်ရွက်ရေး
ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌
ကျင်းပရာ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆက်ဆံရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့
ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ဌာနေကိုယ်စားလှယ် Ms. Renata Dessallien ဦးဆောင်သော ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု
အစီအစဉ်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူများ၊
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အဖြစ်မှ လွှတ်မြောက်ရေးဆိုင်ရာ ဆပ်ကော်မတီများဖြစ်သည့်
တစ်ဦးကျဝင်ငွေဆိုင်ရာ ဆပ်ကော်မတီ၊ လူသားအရင်းအနှီး ညွှန်းကိန်းဆိုင်ရာ ဆပ်ကော်မတီ၊
စီးပွားရေးထိခိုက် နစ်နာလွယ်မှုဆိုင်ရာ ဆပ်ကော်မတီနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ
ဆက်ဆံရေး ဆပ်ကော်မတီတို့မှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ ကြသည်။

No comments:
Post a Comment