Friday, January 23, 2015

ကျေးလက်နေပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး သစ်သားတိုင်များအား ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်



သထုံမြို့နယ်၊ ၀င်းပကျေးရွာတွင် ကျေးလက်နေ ပြည်သူများ လျပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓါတ်အား လိုင်းများ ကြံ့ခိုင်ရေးတို့ အတွက် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူးရုံး၏ ကြီးကြပ်မှုဖြင့် သုဝဏ္ဏ၀တီမြို့ လျှပ်စစ် အင်ဂျင်နီယာမှူး ဦးအောင်နိုင်ထွန်း 



ဦးဆောင်သော လိုင်းဝန်ထမ်းများသည် ကျေးရွာနေ ပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ၀င်းပရွာသစ်မှ အမှတ် (၉) ခြေမြန်တပ်ရင်း အထိ သွယ်တန်းထားသည့် ဟောင်းနွမ်း နေပြီဖြစ်သော သစ်သားတိုင်များကို ကွန်ကရစ် တိုင်များ၊ သံလက်တန်းများဖြင့် အစားထိုး လဲလှယ် တပ်ဆင်ခဲ့ကြကြောင်း သိရ သည်။
အဆိုပါ လုပ်ငန်းကို ဇန်န၀ါရီလ ၁၀ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်ကာ ဓါတ်အားများ ပြန်လည်ပို့လွှတ် ပေးသွားတော့မည် ဖြစ်ကြောင်း သုဝဏ္ဏ၀တီမြို့ လျှပ်စစ် အင်ဂျင်နီယာမှူးရုံးမှ သိရသည်။

No comments:

Post a Comment