ဇန်န၀ါရီ
(၂၁) မောင်တော
မောင်တောမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌ မိုးပွင့်အထူးစီမံချက် ကွင်းဆင်း ဆောင်ရွက်ရန် အတွက် အလှူငွေပေးအပ်ပွဲ
အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၂၁) ရက်နေ့ ညနေ (၄း ၄၅) နာရီ အချိန်တွင် ကျင်းပကြောင်းသိရှိရသည်။
အဆိုပါ လှူဒါန်းပွဲသို့ မောင်တောမြို့နယ်
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သာခင်၊ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးအောင်မျိုးမင်း
(ခ) ဂျာဟင်ဂိ၊ ခရိုင်/မြို့နယ်နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ Family Aye Chan ဆောက်လုပ်ရေးကုမ္ပဏီမှ
MD ဦးအောင်မြင့်သိန်းတို့ တက်ရောက်ခဲ့ကြသည်။
လှူဒါန်းပွဲတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးခင်ရီမှ ဦးဆောင်၍
မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးပွင့် အထူးစီမံချက်ဖြင့် နိုင်ငံသား စိစစ်ကဒ်ပြားများအား
ဝန်ထမ်းများမှ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသောကြောင့် မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်
ဒေသအတွင်း ၀န်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း
ဒေသခံ တိုင်းရင်းသား အားလုံး တစ်ဦးတစ်ယောက်မှ မကျန်အောင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ
ရရှိစေရန် ရည်ရွယ်၍ ကူညီပေးခြင်းဖြစ်ကြောင့် ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊
မောင်တောခရိုင် ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်မှ မိုးပွင့်အထူးစီမံချက်၏
ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသာခင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း(ခ) ဂျာဟင်ဂိတို့မှ မိုးပွင့် အထူးစီမံချက် ဓါတ်ပုံဖိုးအတွက် လှူဒါန်းငွေကျပ် (၅) သိန်း၊ Family Aye Chan ဆောက်လုပ်ရေးကုမ္ပဏီမှ MD ဦးအောင်မြင့်သိန်းမှ ကျပ်(၃)သိန်း လှူဒါန်းခဲ့ရာ မြို့နယ် နိုင်ငံသားစီစစ်ရေး ကဒ်ပြားထုတ်ပေးရေး လုပ်ငန်းကြီးကြပ် မှုကော်မတီ ဥက္ကဌ (ခေတ္တ)မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းမှ လက်ခံခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မောင်တော ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်မှ ကျေးဇူးတင်စကား ပြောကြားပြီး ညနေ (၅း၃၀) နာရီအချိန်တွင် လှူဒါန်းပွဲအခမ်းအနား ပြီးမြောက်ကြောင်း သိရှိရသည်။

No comments:
Post a Comment