နေပြည်တော်
ဇန်နဝါရီ ၂၂
မူဆယ်မြို့ နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ဇန်နဝါရီ ၂၀ရက်က ဒေသခန့် ကျောင်းဆရာမ (၂)ဦး
နေအိမ် ၌ သေဆုံးခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ
ယင်းနေ့နံနက်(၉)နာရီခွဲတွင် ဆရာမ မလာသဖြင့် ကျောင်းသားများက ဆရာမနေအိမ် သို့ သွားရောက်ကြည့်ရှုရာ
မရမ်နုဂျာ(ခ) မရမ်လုရာ(၁၉-နှစ်)နှင့် မရမ်ဘောင်ခေါင်နောင်ဆမ်(ခ) မခေါင်ဆန်(၂၁-နှစ်)တို့နှစ်ဦးသည်
ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာနှင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း
တွေ့ရှိရခြင်းဖြစ်သည်။
အဆိုပါ
ဆရာမ(၂)ဦး၏နေအိမ်မှာ ဘုရားကျောင်းဝင်းတွင်တည်ရှိပြီး ၎င်းနေ့နံနက်(၀၀၃၀)နာရီ ခန့်က အော်ဟစ်သံကြား
သဖြင့် ဘုရားကျောင်းအနီးနေ ဦးရှိကန်၏ဇနီးဖြစ်သူ ဒေါ်နော်ဂျာမိုင်က သွားရောက်၍ ဆရာမနေအိမ်တံခါးအားခေါက် ၍
မေးမြန်း ရာ ပြန်လည်ဖြေကြား ခဲ့ခြင်းမရှိကြောင်း သိရသည်။
အခင်းဖြစ်နေရာမှ
သွေးစွန်းနေသည့် စတီးဓားတစ်ချောင်းနှင့် ထင်းချောင်းတစ်ချောင်း တွေ့ရှိရပြီး ယခုအခါ
ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်စစ်ဆေးလျက်ရှိကာ ပြည်နယ်အစိုးရကလည်း လိုအပ်သည့်စုံစမ်း
စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment