မော်လူး၊ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသူ၊ ကျောင်းသားများ သည် ဘက်စုံထူးချွန်စာမေးပွဲဖြေဆိုရန် ဇန်နဝါရီ ၂၅ ရက် ညနေ
၎ နာရီခန့်က အထူးအမြန်ရထား (အမှတ် ၅၆၊ အစုန်)ဖြင့် မော်လူးမီးရထားဘူတာမှ စီးနင်းလိုက်ပါသွားကြကြောင်း
သိရသည်။
အဆိုပါ ဘက်စုံထူးချွန်စာမေးပွဲကို အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင်
ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများသည် ခရိုင်၊ တိုင်းအထိ သွားရောက်ဖြေဆိုကြရမည်ဖြစ်ကြောင်း
မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောပြသည်။
၂ဝ၁၄/၂ဝ၁၅ ပညာသင်နှစ် ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှ
အထက်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်စန်း ဦးစီးပြီး ဒသမတန်း(GRADE 11) မှ ကျောင်းသား၊ ကျောင်းသူခြောက်ဦး၊
နဝမတန်း(GRADE 10)မှ ကျောင်းသား၊ ကျောင်းသူ ငါးဦး၊ အဋ္ဌမတန်း(GRADE 9)မှ ကျောင်းသား၊
ကျောင်းသူ နှစ်ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၃ ဦး သွားရောက် ဖြေဆိုကြကြောင်း
သိရသည်။

No comments:
Post a Comment