Wednesday, January 28, 2015

အဋ္ဌမတန်း အတန်းတင်အကြိုစာမေးပွဲ ၄၀ ရာခိုင်နှုန်းကျော်သာအောင်မြင်

မြိတ် ဇန်နဝါရီ ၂၇
နိုင်ငံတော်အစိုးရက လက်ရှိ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ပြောင်းလဲလိုက်သည့် ပညာ ရေးစနစ်သစ်ကြောင့် မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများအား အတန်း တင်အကြို စာမေးပွဲဖြေဆိုစေခဲ့ရာ အောင်မြင် သူ ၄ဝ ရာခိုင်နှုန်းကျော်သာရှိကြောင်း မြို့နယ် ပညာရေးမှူး၏ပြောပြချက်အရ သိရသည်။

မြိတ်မြို့နယ်ရှိ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများ၏ အတန်းတင် အကြို စာမေးပွဲကို ၂ဝ၁၄ ဒီဇင်ဘာ ၁၆ ရက်မှ ၂၃ ရက်အထိ စတုတ္ထတန်းစာစစ်ဌာန ၃၈ ခုနှင့် အဋ္ဌမတန်းစာစစ်ဌာန ၂၁ ခု စုစုပေါင်း စာစစ်ဌာန ၅၉ ခု၌ ကျင်းပခဲ့ရာ စတုတ္ထတန်း စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၆၆၈ဝ ရှိသည့်အနက် ၆၅၈၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ ရာ ၃၁၇၂ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက် ၄၈ ရာခိုင်နှုန်းရှိခဲ့သည်။ အဋ္ဌမတန်းစာမေးပွဲ တွင် ကျောင်းသား ကျောင်းသူ ၄၂၃၄ ဦးရှိ သည့်အနက် ၄၁၆၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၆၇၆ ဦး အောင်မြင့်ခဲ့သဖြင့် အောင်ချက် ၄ဝ ဒသမ ၂၈ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူး၏ ပြောပြချက်အရ သိရသည်။

မြိတ်မြို့နယ်တွင် အခြေခံပညာမူလတန်း ကျောင်း ၁၂၁ ကျောင်း၊ အလယ်တန်းကျောင်း ၁ဝ ကျောင်းနှင့် အထက်တန်း ကျောင်း ၁ဝ ကျောင်း စုစုပေါင်း ၁၄၁ ကျောင်းရှိကာ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၅၆၂၄၇ ဦး ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။ အခြေခံပညာအဆင့် ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို အစိုးရစစ် စာမေးပွဲအဖြစ် ပြောင်းလဲခြင်းကို ကျောင်းသားမိဘများ သဘောကျလျက်ရှိ ကြောင်း သိရသည်။

No comments:

Post a Comment