ရန်ကုန် ဇန်နဝါရီ ၂၀
ပြည်ထောင်စုလွှတ်တော်နာယက
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၌
ချစ်ကြည်ရေး ခရီးအလည်အပတ် ရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ
ဒေါက်တာ ချွန်ယွီဟွာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် (၉) နာရီ
(၄၅) မိနစ်တွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိရာစေတီတော် ဂေါပကအဖွဲ့ဝင်များက ကြိုဆိုကြသည်။
ယင်းနောက်ဧည့်သည်တော်
ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် စေတီတော်ဧည့်ခံ တန်ဆောင်းရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်၌
လက်မှတ် ရေးထိုးပြီး စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက်ကပ်ပူဇော်၍ အလှူငွေ
ပေးအပ်လှူဒါန်းကာ စေတီတော်အား လှည့်လည်ဖူးမြော်ကြည်ညို
သည်။
ဆက်လက်၍ ချစ်ကြည်ရေး
ကိုယ်စားလှယ်အဖွဲ့သည် အာဇာနည်ဗိမာန်သို့ သွားရောက်၍
အာဇာနည် ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုကြပြီးအာဇာနည် ဗိမာန်အနီးရှိ
ကိုရီးယား အထိမ်းအမှတ် ကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
နေ့လယ်ပိုင်းတွင်
ဧည့်သည်တော် နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆီဒိုးနားဟိုတယ်၌ ဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။အဆိုပါဧည့်ခံပွဲသို့
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် လွှတ်တော်ကိုယ်စားလှယ်များ
တက်ရောက်ကြသည်။
ညနေပိုင်းတွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲJUသည်
ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ အမျိုးသားပြတိုက် သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်း
ခင်းကျင်းပြသထားမှု တို့ကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဒေါက်တာ ချန်ယွီဟွာက အမျိုးသားပြတိုက် ဧည့်သည်တော်မှတ်တမ်း၌
လက်မှတ်ရေးထိုးပြီး လက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ကာ အမျိုးသား ပြတိုက်မှ ပြန်လည်ထွက်ခွာသွားသည်။
No comments:
Post a Comment