Monday, January 19, 2015

ကေအိုင်အေ(ကချင်)အဖွဲ့၏ အမာခံတစ်ဦးအား မိုင်းနှင့် ဆက်စပ်ပစ္စည်းများ နှင့် အတူဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ၊ ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတံတားတွင် ဇန်နဝါရီ ၁၅ ရက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးမှုများဆောင်ရွက်စဉ်
ည ၉ နာရီချိန်ခန့်တွင် ဆိုင်းတောင်ကျေးရွာဘက်မှ ဖားကန့်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆးရာ ကေအိုင်အေ(ကချင်) အဖွဲ့ ၏ အမာခံတစ်ဦး ဖြစ်သူ နော်မိုင် ၂၂ နှစ် (ဘ) ဦးတန်ဂျာ၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ကျေးရွာနေသူနှင့် အတူ ဆိုင်ကယ်ရှေ့ဂွကြားတွင်တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ တိပ်အဝါ ဖြင့် ပတ်ထားသည့် ရီမုတ်မိုင်း ၂ လုံး၊ ရီမုတ်တစ်ခုနှင့် အဆိုပါ မိုင်းများတွင် တပ်ဆင် အသုံးပြုမည့် ဓာတ်ခဲများအား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ကေအိုင်အေ(ကချင်)အဖွဲ့၏ အမာခံ နော်မိုင် အား စစ်ဆေးမေးမြန်းချက် အရ ရှင်းလင်းရှာဖွေရာ ဆိပ်မူ တံတား၏ မီတာ ၁၀၀ ခန့်အကွာ တွင် အနက်ရောင် ပလက်စတစ်အိတ်တစ်လုံးအား တွေ့ရှိရပြီး အဆိုပါ အိတ်အတွင်းမှ ပွိုင့်- ၃၂ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည် ၄ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံး တို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment