Wednesday, January 28, 2015

ရာသီပေါ်သီးနှံများ လှိုင်လှိုင်ထွက်ချိန်ဖြစ်၍ ပြင်ဦးလွင်၌ ဝိုင်နှင့်ယိုလုပ်ငန်းများ စတင်လုပ်ကိုင်

ပြင်ဦးလွင် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ရာသီပေါ် သီးနှံများဖြစ်သည့် စတော်ဘယ်ရီနှင့် လိမ္မော်သီးများ လှိုင်လှိုင် ထွက်ပေါ်လာချိန်ဖြစ်သဖြင့် သီးနှံရှားပါးချိန်က ခေတ္တရပ်နားထားသော ဝိုင်နှင့် ယိုလုပ်ငန်းများ ပြန်လည် စတင်လာပြီး ဒေသနေပြည်သူများအတွက် အလုပ်အကိုင် များလည်း ပေါများလာကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။


ပြင်ဦးလွင်မြို့ရှိ သီးစုံလုပ်ငန်းများသည် နေကြာစေ့၊ ဆားရည်စိမ် မက်မန်းသီးတို့ကဲ့သို့ ကြာရှည်အထားခံသော သီးနှံများကို တစ်နှစ်ပတ်လုံး ထုတ်လုပ်ရောင်းချသော်လည်း စတော်ဘယ်ရီနှင့် လိမ္မော်သီးများမှာ ရာသီချိန် အတွင်း၌သာ ဝယ်ယူ စုဆောင်းပြီး ထုတ်လုပ်ရသော သီးနှံများဖြစ်ကြောင်း သိရသည်။
စတော်ဘယ်ရီနှင့် လိမ္မော်ကို အဓိကထုတ်ကုန်အဖြစ် ဝိုင်နှင့်ယို၊ တော်ဖီစသည့် စားသောက်ကုန်များအဖြစ် အဓိက ထုတ်လုပ်ပြီး အခြားသီးနှံများနှင့် သီးစုံယိုအဖြစ် ပေါင်း၍လည်းထုတ်လုပ်ပြီး မြန်မာနိုင်ငံအနှံ့ ဖြန့်ချိ ရောင်းချကြသည်။

ပြင်ဦးလွင်မြို့၌ နေကြာနှင့် သီးစုံလုပ်ငန်း စက်ရုံအလုပ် ရုံပေါင်း ၃ဝ ခန့်ရှိကာ အချို့စက်ရုံ အလုပ်ရုံများမှာ အလုပ်သမား ရာနှင့်ချီ၍ရှိသည်။ ယခုကဲ့သို့ သီးနှံထွက် ပေါ်ချိန်တွင် လုပ်ငန်းများပိုမိုကောင်းမွန်လာသဖြင့် ဒေသခံများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများ လည်း များပြားလာလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment