လားရှိုး၊ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမတွင် ဇန်နဝါရီ
၂၂ ရက် မွန်းလွဲ ၂ နာရီက လားရှိုးတက္ကသိုလ် ကျောင်းသားယူနီယံဖွဲ့စည်းရန်အတွက် လားရှိုးတက္ကသိုလ်မှ
ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရပ်အလိုက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ ရွေးချယ်တင်မြှောက်ရန်
တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်က ကျောင်းသားယူနီယံဖွဲ့စည်းရခြင်း၏
အကြောင်းအရာများကိုပြောကြားရာတွင် လွတ်လပ်သော၊ ပွင့်လင်းမြင်သာသော ဒီမိုကရေစီစနစ်သို့
သွားရန်အတွက် ဥပဒေနှင့်စည်းကမ်းဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်ရန်၊ မိမိတက္ကသိုလ်၊
မိမိပြည်နယ်၊ မိမိနိုင်ငံတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်၊ တိုင်းရင်းသားအားလုံး
စည်းလုံးညီညွတ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်တို့အား ရွေးချယ်တင်မြှောက်ခံရသော
ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်၏ ကောင်းကျိုးကို အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော လားရှိုးဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး
ဦးစိန်အုပ်၊ တွဲဖက်ပြည်နယ်ပညာရေးမှူး၊ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်၊
ဒုတိယ ပါမောက္ခချုပ်၊ ဘာသာရပ် အလိုက် ကထိကများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊
မီဒီယာများ ရှေ့တွင် ရွေးချယ်တင်မြှောက် ခဲ့သည်။
No comments:
Post a Comment