Friday, January 30, 2015

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ပထမအသုတ် လူတွေ့ဖြေဆိုရမည့် နေ့ရက်ထုတ်ပြန်

နေပြည်တော် ဇန်နဝါရီ ၃၀
နိုင်ငံတော်သမ္မတ၏  ပညာတော်သင်ဆုအတွက် ပထမအသုတ် လူတွေ့ဖြေဆိုရန် ရွေးချယ် ခံရသူ ၁၄၂ ဦးသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့၌ လူတွေ့ဖြေဆိုရမည်ဖြစ်သည်။ လူတွေ့ဖြေဆိုရမည့် ကျောင်းသား ကျောင်းသူများသည်
ကိုယ်ရေးမှတ်တမ်း ပုံစံများကို ပညာရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.myanmar-education.edu.mm တွင် ရယူလျက် နောက်ဆုံးအခြေအနေ ကိုဖော်ပြသော Updated အချက်အလက်များ ဖြည့်စွက်ကာ scholarmm@gmail.com သို့ ဖေဖော်ဝါရီ ရက်အရောက် pdf.format ဖြင့် အီးမေးပေးပို့ရမည်ဖြစ်ပြီး လူတွေ့ဖြေဆိုရမည့် နေ့ရက်၊ အချိန်၊ နေရာအသေး စိတ်နှင့် ကြေညာချက်များကို ဖေဖော်ဝါရီ ရက်မှစတင်၍ အဆိုပါ Website တွင် ဖော်ပြမည်ဖြစ်ပြီး အီးမေးဖြင့်လည်း အကြောင်းကြားမည် ဖြစ်သည်။
လူတွေ့ဖြေဆိုရန် လာရောက်သောအချိန်တွင် (က) နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်း၊ () ဘွဲ့လက်မှတ်မူရင်း၊ () အမှတ်စာရင်းမူရင်း၊ () မိမိ၏စိတ်ဝင်စားမှု၊ ပညာရေးရည်မှန်းချက်နှင့် ဘ၀ရှေ့ရေးအစီ အစဉ်အကြောင်း အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော စာလုံးရေ(၄၅၀)ခန့် Scholarship Essay () နောက်ဆုံးအခြေအနေကို ဖြည့်စွက်ထားသော Updated ကိုယ်ရေး မှတ်တမ်းမူရင်းများကို တစ်ပါတည်းယူဆောင် လာရမည်ဖြစ်ကြောင်း သိရသည်

No comments:

Post a Comment