Friday, January 30, 2015

တနင်္သာရီမြို့၌ပညာပေးစာပေဟောပြောပွဲပြုလုပ်

တနင်္သာရီ - ဇန်န၀ါရီလ(၂၇)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ စာပေဟောပြောပွဲကိုဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) စောနု()စောအောင် (တီဂျစ်) / မောင်ချစ်(မန္တလေး)/  ပြည်ချစ်မောင်စသည့် ကလောင် အမည်များဖြင့် လူငယ် အကျိုးပြုစာရေးဆရာနှင့် မြို့နယ်စာရေးဆရာ အသင်းဝင်များ လိုက်ပါလျက် ဇန်န၀ါရီလ (၂၆)ရက် နေ့နံနက်(၁၀)နာရီတွင် တနင်္သာရီမြို့နယ် အ.ထ.က-ညောင်ပင်ကွင်းနင်း ဆီဆောင်တွင် လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ()နာရီအချိန် အ.ထ.က-တနင်္သာရီ ပညာရတနာ အဆောင်တွင် လည်းကောင်း၊ ကျောင်းသား/သူများ အတွက် လူငယ်အကျိုးပြုပညာပေး ဟောပြောပွဲ ကို ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ ကျောင်းသူ/သား အင်အား(၈၅၀)ခန့် တက်ရောက်ကြသည်။




အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ တက္ကသိုလ် သန်းစိုးဝင်းက ပညာပေးဟောပြောမည့် စာရေးဆရာကြီး စောအောင်(တီဂျစ်)၏ ကိုယ်ရေးအကျဉ်းနှင့် မြို့နယ်စာရေးဆရာအသင်းဝင်များအား တစ်ဦးချင်း၏ ကလောင်နာမည်များကို မိတ်ဆက်ပေးသည်။
ထို့နောက် စောအောင် (တီဂျစ်) / မောင်ချစ်(မန္တလေး)/ ပြည်ချစ်မောင် ကလောင်အမည်ရှိ စာရေးဆရာက ကျောင်းသူ/ ကျောင်းသား များအား အတုယူ မမှားစေရေး/ ဆေးဆိုးပန်းရိုက် မလုပ်ကြရေး/ မူးယစ်ဆေးဝါးကို ရှောင်ရှား၍ အားကစား ဘက်ကို ဦးတည်ရေးနှင့်မိဘ-ဆရာသမားများ၏ ဂုဏ်ကျေးဇူး ဖော်ကျူးနိုင်သည့် သားကောင်းသမီးမွန်များ ဖြစ်အောင်ကြိုးပမ်း အားထုတ်ကြစေရေး တိုက်တွန်းဆွေးနွေးမှုများ အပေါ် ကျောင်းသူ/ သားများမှ သိလိုသည့်မေးမြန်းချက်များအား ပြန်လည ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြပြီး စာရေးဆရာကြီး စောအောင် (တီဂျစ်) အား မြို့နယ်စာရေးဆရာအသင်းမှ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment