Friday, January 30, 2015

ပြည်သူလူထု အခြေပြု ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းလုပ်ငန်း Phase 2 အစီအစဉ်အား အသိပေးရှင်းလင်း

ကျွန်းစု ဇန်န၀ါရီ ၂၉ ရက်
နိုင်ငံတစ်ဝန်း ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းလုပ်ငန်းကို ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း Phase 2 အစီအစဉ်အား အသိပေးရှင်းလင်းပွဲကို ဇန်န၀ါရီ လ(၂၉)ရက် နံနက်(၉)နာရီက ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။




ရှေးဦးစွာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သန့်ဇော်မောင်က ပြည်သူလူထုအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်း Phase 2 အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁) ဦးစိုးလွင်က ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါအကြောင်းနှင့် ရောဂါဖြစ်ပေါ်လာပုံ သွင်ပြင်လက္ခဏာများကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

နိုင်ငံတစ်ဝန်း ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းလုပ်ငန်း ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုးနှံခြင်း Phase 2 အစီအစဉ်အရ ကျွန်းစုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာပေါင်း (၁၆၇) ရွာ ခန့်မှန်းလူဦးရေ (၁၇၂၉၆)ဦး ဆေးထိုးစုရပ်ပေါင်း (၂၀၈)နေရာဖြင့် ဖေဖော်ဝါရီလ(၁၉)ရက်မှ(၂၈) ရက်နေ့အထိ ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment