လင်းခေး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ
ဦးဘိုဘိုသန်းရွှေ (ဦးစီးအရာရှိ) အဆင့်ရှိသူ ဝန်ထမ်းကို ပစ္စတိုသေနတ် ကိုင်ဆောင်သူ
အမည်မသိလူတစ်ဦးက ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီ မိနစ် ၂ဝ ကအဆိုပါ ရုံးခန်းမနေရာ၌
သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရ သည်။
အဆိုပါအမည်မသိ လူစိမ်းဖြစ်သူ သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီ
မိနစ် ၂ဝ တွင် လင်းခေးခရိုင် ထွေ/အုပ် ဦးစီးဌာနရုံးသို့ ဆိုင်ကယ်
စီးဝင်လာခဲ့ပြီးနောက် ''ဘိုဘိုသန်း ရွှေရှိပါသလား''ဟု လာရောက် မေးမြန်းခဲ့ပြီး
၎င်းနှင့် တွေ့သောအခါ တစ်ဦးတည်းကို ပြင်ပသို့ ခေါ်ဆောင်လာ၍ ခရိုင်ထွေ/အုပ်ရုံး
အစည်းအဝေးခန်းမနှင့် ကွန်ပျူတာ အခန်းကြားရှိ နေရာ၌ ပစ္စတိုသေနတ်ကို ရင်ဘတ်အတွင်းမှ
ထုတ်ကာ ပစ်ခတ်ခဲ့ပြီး မော်တော်ဆိုင်ကယ်စီး၍ ထွက်ပြေး သွားခဲ့ကြောင်း အဆိုပါရုံးရှိ
မျက်မြင် သက်သေ ဝန်ထမ်းများက ပြောကြားသည်။
ဖြစ်စဉ်ကို ကြားသိသိချင်း လင်းခေး (အခြေချ) စစ်ဗျူဟာမှူး၊
ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော အဖွဲ့က အဆိုပါ နေရာသို့
ချက်ချင်း ရောက်ရှိလာကြပြီး လူနာအား လင်းခေး ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု
ခံယူစေရန် ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။
သေနတ်ထိမှန်သူ ဦးဘိုဘိုသန်း ရွှေ(ဦး/ရှိ)မှာ ဦးခေါင်းတွင် (သေနတ်
ရှပ်ထိ) ဒဏ်ရာတစ်ချက်သာ ရရှိခဲ့ကာ ပြန်လည် သတိရ စကား ပြောဆိုနိုင်ပြီး အသက်အန္တရာယ်
စိုးရိမ်ရဖွယ် မရှိကြောင်းနှင့် နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် ၎င်းအား တောင်ကြီးဆေးရုံသို့
ပို့ဆောင်ရန် ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (လုံခြုံရေးအဖွဲ့)နှင့်
ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ များလိုက်ပါလျက်
လင်းခေး ပြည်သူ့ ဆေးရုံမှ ဆက်လက် ထွက်ခွာနေပြီ ဖြစ်ကြောင်းနှင့် သေနတ်ဖြင့်
လာရောက်ပစ်ခတ် ထွက်ပြေး သွားခဲ့သူ ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက်
သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့် တစ်ပြေးညီ လှည့်လည် ရှာဖွေလျက် ရှိကြောင်း
တာဝန်ရှိသူများက ပြောကြားသည်။


No comments:
Post a Comment