နေပြည်တော်
ဇန်နဝါရီ ၁၉
ပထမအကြိမ်အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြာက်
ပုံမှန် အစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသား လွှတ်တော် လွှတ်တော်ဥက္ကဋ္ဌက
နှုတ်ခွန်းဆက်အမှာစကား ပြော ကြားရာတွင် ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ် မြောက်
ပုံမှန်အစည်းအဝေးကို တက်ရောက် လာကြ သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် အားလုံး ကိုယ်၏
ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြ ပါစေဟု ဆုမွန်ကောင်းတောင်းရင်း နှုတ်
ခွန်းဆက် သပါကြောင်း၊ ယခုနှစ် သည် ပထမအကြိမ် အမျိုးသား လွှတ်တော်၏ နောက်ဆုံးနှစ်ဖြစ်
သည့်အတွက် ယခုကျင်းပမည့် အစည်း အဝေးမှစ၍ လွှတ်တော်၏ လုပ်ငန်းများကို လက်စသတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
ထို့ ကြောင့် ယခုလွှတ်တော်ကာလ များတွင် တတ်နိုင်သမျှစုံစုံညီညီ တက်ရောက်ကြပြီး အင်တိုက်အား
တိုက်ဆောင်ရွက် သွားကြရန် မှာကြား လို ကြောင်းဖြင့် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ
ဦးနုက ''လသာမြို့နယ် ပြည်သူပိုင်သိမ်း အမှတ်(၂)အခြေခံ ပညာ မူလ တန်းကျောင်း အဆောက်အအုံ
အကျိုးတူ ဆောက်လုပ်ရာတွင် မူလအခန်းပိုင်ရှင်အား အကျိုးတူ စာချုပ်ပါ စည်းကမ်းချက်များနှင့်
အညီ အခန်းများပြန်လည် ပေးအပ် ခြင်း မရှိသေးသည့်ကိစ္စ''နှင့် စပ် လျဉ်း၍မေးမြန်းရာ ပညာရေးဝန်ကြီး
ဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ''လသာမြို့နယ် ကျုံးကြီးလမ်းနှင့် (၂၃) လမ်းထောင့်ရှိ
ယခင်ယူတိတ် တရုတ်အလယ်တန်းကျောင်းသည် ၁၉၆၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ပြည်သူပိုင် သိမ်းခဲ့သည့်ကျောင်းဖြစ်
ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးစဉ်က မူထိုင်ဘုရား ကျောင်း ဝေယျာဝ စ္စဆောင်ရွက်သည့် မိသားစု၊ ဦးထွန်းခင် မိသား စု၊ ဦးလှဝေမိသားစု၊ ဦးရွှေမောင် မိသားစုနှင့်ရပ်ကွက်
အုပ်ချုပ်ရေး မှူးရုံးတို့ နေထိုင်မှုနှင့်အတူ အဆောက် အုံအား လက်ခံခဲ့ပါ ကြောင်း။
အမှတ်(၃)အခြေခံပညာ ဦးစီး ဌာနမှ ရန်ကုန်မြို့တော်
စည်ပင် သာယာရေး ကော်မတီသို့ မြေဂရန် ရရှိရေး ဆောင်ရွက်ခဲ့ရာတွင် ၂ဝဝ၃ ခုနှစ် စက်တင်ဘာ
၃ ရက်တွင် မြေဂရန်ရရှိခဲ့ပါကြောင်း၊ ရန်ကုန်မြို့ တော်အိမ်ရာစီမံကိန်း ကြီးကြပ်မှု ကော်မတီ
အစည်းအဝေးအမှတ် စဉ်(၃/၂ဝဝ၃)၏ သဘောတူခွင့် ပြုချက်ဖြင့် ပညာရေးဝန်ကြီးဌာန၊ အမှတ်(၃)
အခြေခံပညာဦးစီး ဌာန နှင့် မြန်မာမြကုမ္ပဏီတို့ (၂ဝ အချိုး ၈ဝ)ဖြင့် သဘောတူ စာချုပ်ချုပ်ဆို
၍ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပါ ကြောင်း၊ အဆိုပါအချိုးအရ မူလ နေထိုင်သူများကို ကုမ္ပဏီရရှိသည့်
အချိုးမှ ပြန်လည်ပေးအပ်ရန် စာချုပ် တွင် ချုပ်ဆိုခဲ့ပါကြောင်း။
မူလနေထိုင်သူများအား ဖယ်ရှားပေးရန် အကြိမ်ကြိမ်နှိုးဆော်
စာပေးပို့ခဲ့သော်လည်း ဖယ်ရှားခြင်း မရှိပါကြောင်း၊ လက်ရှိနေထိုင်ရာ အခန်းများမှဖယ်ရှားပေးပါက
ပြောင်း ရွှေ့စရိတ်နှင့် နေထိုင်ရန်အခန်းများ ဝယ်ပေးမည် ဖြစ်ပါကြောင်း၊ ဖယ်ရှား ခြင်းမရှိပါက
ဥပဒေနှင့်အညီ ဆောင် ရွက်မည်ဖြစ်ကြောင်းကို ကုမ္ပဏီနှင့် ဌာနမှ ညှိနှိုင်း အသိပေးခဲ့ပါကြောင်း၊
သို့သော် ဦးရွှေမောင်မိသားစုနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှလွဲ၍ ကျန်မိသားစု
များသည် ဖယ်ရှားခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့်ဥပဒေ နှင့်အညီ ဥပစာမှ နှင်ထုတ်ခြင်းကို
ဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပစာနှင်ပြီး နောက် အဆိုပါ အဆောက်အအုံ အား ဖျက်သိမ်းလျက် စာချုပ်ပါ
အတိုင်း အဆောက်အအုံအသစ် ဆောက်လုပ်ခဲ့ပါကြောင်း၊ ထိုသို့ ဆောက်လုပ်ပြီး ဦးစီးဌာနမှ
မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီသို့ တင်ပြစဉ် ကုန်သွယ်မှုအချိုးသည် (၂ဝ အချိုး
၈ဝ) မှ (၄ဝ အချိုး ၆ဝ) သို့ ပြောင်းလဲသဖြင့် အကျိုးတူ ဆောင်ရွက်ခဲ့သော အဆိုပါ လုပ်ငန်း
အား ပြင်ဆင်စာချုပ်ချုပ်ဆိုခဲ့ရပါ ကြောင်း၊ အဆိုပါကုမ္ပဏီမှ ရရှိ သည့်အခန်းများကို ရောင်းချခဲ့ပြီး
ဖြစ်၍ အမှတ်(၃) အခြေခံပညာဦးစီး ဌာနအနေဖြင့် အချိုးပြောင်းလဲခြင်း ကြောင့် ရရှိမည့်အခန်း(၃)ခန်းကို
အချိုးပြည့်ရန် ပေးအပ်ခဲ့ရပါ ကြောင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဦးစီး
ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီး ဌာနမှ (၄ဝ အချိုး
၆ဝ) အရ ပြန် လည်ရရှိခဲ့သည့် အခန်း(၃)ခန်းကို ဦးထွန်းခင်၊ ဦးလှဝေမိသားစုတို့အား ပြန်လည်ပေးအပ်ရန်
အခန်းများ မရှိပါကြောင်းဖြင့် ဖြေကြားသည်။
ထို့ပြင် အစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေး ချောင်းကူးတံတားအား
ဘေလီတံတားအဖြစ် တည်ဆောက်ပေးရန်၊ ကျေးရွာချင်းဆက် ဂဝံလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့်
အခြေခံပညာ ကျောင်းများအား အဆင့်တိုး မြှင့်ပေးနိုင်ရန် တို့ကို မေးမြန်းဖြေကြား ခဲ့ကြသည်။
No comments:
Post a Comment