နယူးဒေလီ ဇန်န၀ါရီ ၂၁
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသော
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဇန်န၀ါရီ
၂၀ ရက် ညပိုင်းတွင် မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုဝင်များ၊ မြန်မာ ပညာတော်သင်
များနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး မြန်မာသံအမတ်ကြီး တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့
တက်ရောက် သည်။
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်နှင့်အဖွဲ့သည်
ယနေ့ဒေသစံတော်ချိန် နံနက် (၁၁)နာရီတွင် အိန္ဒိယနိုင်ငံ ဒုတိယသမ္မတရုံး၌ ဒုတိယသမ္မတ မစ္စတာ
မိုဟာမက် ဟာမစ် အန်ဆာရီနှင့် တွေ့ဆုံသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် အိန္ဒိယအမျိုးသားပြတိုက်သို့
ရောက်ရှိပြီး ပြတိုက် အတွင်း လှည့်လည် ကြည့်ရှုရာ ပြတိုက်အတိုင်ပင်ခံ Ms. Joyoti
Roy က ပြတိုက်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အိန္ဒိယနိုင်ငံ
ဝန်ကြီးချုပ်ရုံး၌ ၀န်ကြီးချုပ် မစ္စတာ နာရင်ဒရာမိုဒီ နှင့် တွေ့ဆုံသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ ဒေါက်စိုင်းမောက်ခမ်းနှင့်
အဖွဲ့သည် နယူးဒေလီမြို့ Fortis Hospital သို့ရောက်ရှိလေ့လာရာ
ဆေးရုံကြီးကြပ်ရေးမှူး ဒေါက်တာ ရှာလီနီဘာလာနှင့် တာဝန်ရှိသူ များက သက်ဆိုင်ရာကဏ္ဍများအလိုက်
အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် အိန္ဒိယသမ္မတရုံး၌ အိန္ဒိယနိုင်ငံသမ္မတ ပရာနက်ဘ် မူခါဂျီနှင့်တွေ့ဆုံသည်။
ညပိုင်းတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည်
အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။



No comments:
Post a Comment