နေပြည်တော် ဇန်န၀ါရီ
၂၄
အိန္ဒိယသမ္မတနိုင်ငံ
မွန်ဘိုင်းမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
နှင့်ဇနီး ဦးဆောင်သည့်အဖွဲ့ဝင်များသည် ဇန်န၀ါရီ (၂၃) ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲ
တွင် အိန္ဒိယနိုင်ငံ မဟာရပ်ရှ် ထရာပြည်နယ် အုပ်ချုပ်ရေးမှူး ရှရီစီအိတ်ဗီဒရာဆာဂါရောင်းနှင့်
ဇနီးတို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့
တက်ရောက် ရန် မဟာရပ်ရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူး
အိမ်တော်ဧည့်ခန်းမသို့ ရောက်ရှိရာ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့က ကြိုဆိုကြသည်။
ဂုဏ်ပြုညစာမသုံးဆောင်မီနှင့်
သုံးဆောင်နေစဉ်အတွင်း တေးသီးချင်းသံစဉ်များဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။ ထို့နောက် ဒုတိယ သမ္မတနှင့်ဇနီး ဦးဆောင်သည့်
အဖွဲ့ဝင်များသည် ည ၁၁ နာရီ မိနစ် ၂၀ တွင် မွန်ဘိုင်းမြို့ ချာထရာပါတီရှီဗာဂျီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
ထိုင်းလေကြောင်းဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၂၀ တွင် ထိုင်းနိုင်ငံ
သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊
စစ်သံမှူး နှင့် သံရုံးဝန်ထမ်းများက ခရီးဦးကြိုဆိုကြသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည်
ထိုင်းလေ ကြောင်းဖြင့် ထွက်ခွာလာရာ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့
ပြန်လည်ရောက်ရှိကြသည်။ ဒုတိယသမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင် များအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးမြင့်ဆွေနှင့်ဇနီး၊ အိန္ဒိယသမ္မတနိုင်ငံ သံရုံးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင်
ဒုတိယသမ္မတနှင့် ဇနီးနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်လွင်၊
ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ဒေါက်တာဝင်းမြင့်၊ ဒေါ်စန္ဒာခင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန်ဆန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး
ဒေါက်တာ မြင့်သိန်းနှင့် တာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါလာကြသည်။


No comments:
Post a Comment