Friday, January 30, 2015

ပလောက်မြို့တွင်နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုခ အသက်(၁၀၀)နှစ်နှင့် အထက် သက်ကြီးအဘိုးအဘွားများအား ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်လှူဒါန်း

ပလောက် ဇန်န၀ါရီ ၂၉ ရက်
နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုခံသက်ကြီးဝါကြီး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရသူများအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်တိုင်ယာ ရောက်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုငွေလှူဒါန်းပေးခြင်းကို ဇန်န၀ါရီလ (၂၆)ရက် နံနက် (၁၁း၃၀) နာရီက ပလောက်မြို့တွင် ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ လှူဒါန်းခြင်းတွင် နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုခံသက်ကြီး ၀ါကြီး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရသော ပလောက်မြို့ အမှတ်()ရပ်ကွက်မှ အဘွား()ဦး၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု အရှေ့ကုန်းရွာမှ အဘိုး()ဦးနှင့် အဘွား()ဦး၊ သရက်တစ်ပင်ရွာမှ အဘွား()ဦး၊ ပြင်ဘုကြီးကျေးရွာမှ အဘိုး()ဦးတို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးဝင်းဆွေနှင့် တာဝန်ရှိသူများက အိမ်တိုင်ယာရောက်  သွားရောက်၍ နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေ ()သိန်း ကျပ်တို့ကို လှူဒါန်းပေးအပ်ခဲ့ကြပြီး အဘိုးအဘွားများအား ကန်တော့ ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment