Friday, January 30, 2015

၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်အတွက် NHK ၏ ကမ္ဘာ့ပထမဦးဆုံး ရုပ်မြင်သံကြားနည်းပညာ




ဂျပန်အများပြည်သူ့ဝန်ဆောင်မှု ရုပ်သံလွှင့်လုပ်ငန်းဖြစ်တဲ့ NHK က တိုကျိုမှာကျင်းပမယ့် ၂၀၂၀ အိုလံပစ် ပွဲတော်နဲ့ မသန်စွမ်းအားကစား ပွဲတော်မှာ Coverage  အပြည့်အဝရရှိ စေဖို့နှင့် ကြည့်ရှုသူတွေ အားကစား ကွင်းထဲ အမှန်တကယ် ရောက်ရှိနေ သလို ခံစားနိုင်စေဖို့အတွက် အလွန် အဆင့်မြင့်တဲ့ နည်းပညာတစ်ရပ်ကို အသုံးပြုထုတ်လွှင့်သွားဖို့ အားထုတ် ကြိုးပမ်းနေပါတယ်။ ယင်းအားကစားပွဲတော်ကို Super 8K စနစ်နဲ့ ထုတ်လွှင့်သွားမှာဖြစ်ပြီး Sky  ရုပ်သံလိုင်းက
မကြာသေးမီ ကာလ ကပဲ 4K  နည်းပညာကို အသုံးပြုပြီး ပရီမီယာ လိဂ်ပွဲစဉ်တွေကို ထုတ်လွှင့်ခဲ့ ရာမှာ အသံပိုင်း၊ အရုပ်ပိုင်း များစွာတိုး တက်လာတာကို တွေ့ရပါတယ်။ မူလက NHK ဟာ 4K  ထက်ပိုပြီး အဆင့်မြင့်တဲ့ 8K  နည်းပညာကို အသုံးပြုပြီး အိုလံပစ်ပြိုင်ပွဲ ပွဲစဉ်တလျှောက် ထုတ်လွှင့်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့်လည်း အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီက တိုကျိုမြို့ကို ၂၀၂၀ အိုလံ ပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းအားကစားပွဲ ကျင်းပဖို့ ရွေးချယ်ခဲ့တာကြောင့် 8K  ထက်သာလွန် ကောင်းမွန်တဲ့ Super 8K  စနစ်နဲ့ထုတ်လွှင့်ဖို့ အားထုတ်လာခဲ့ တာဖြစ်ပါတယ်။
NHK အနေနဲ့ နောက်ထပ်ရရှိ ထားတဲ့ အတွေ့အကြုံကောင်း တစ်ခု က ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ BBC  နှင့်ပူးပေါင်းပြီး8Kစနစ်နဲ့ အိုလံပစ်ပွဲစဉ်အချို့ကို ဂျပန်မှာထုတ်လွှင့်ပေး နိုင်ခဲ့ပါတယ်။ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုနှင့် NHK အင်ဂျင်နီယာချုပ် ဟာမာဒါတို့က လန်ဒန်အိုလံပစ်မှာ အများပြည်သူအတွက်8Kရုပ်သံ လွှင့်စနစ်ဆိုတာကို သဘောပေါက် စေဖို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ NHK ရဲ့ သုတေသနပြုချက်အရ8Kထုတ်လွှင့်မှု ခရီးလမ်းကြောင်းကို ၁၉၉၅ ခုနှစ် ကတည်းက စတင်ခဲ့တာဖြစ်ပြီး ပထမ ဦးဆုံးအနေနဲ့ 2D  ရုပ်မြင်သံကြား စနစ်ကို စတင်ထုတ်လွှင့်နိုင်ခဲ့ကာ8K စနစ် ကို တဖြည်းဖြည်း ကူးပြောင်းလာခဲ့တာ ဖြစ်ပါတယ်။
NHK အနေနဲ့8Kစနစ်လက်တွေ့ စမ်းသပ်ထုတ်လွှင့်မှုကို ၂၀၁၆ ခုနှစ် မှာစတင်မှာဖြစ်ပြီး လုံးဝစစ်မှန်တဲ့ Super  8Kစနစ်နဲ့ ထုတ်လွှင့်မယ့် အစီအစဉ်တွေကို အိမ်ထောင်စုပေါင်း သန်း ၅၀ ဆီကို ၂၀၂၀ မှာ အပြီး ရောက်ရှိနိုင်ဖို့ ပစ်မှတ်ထားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာမာဒါကပြောကြား ခဲ့ရာမှာ8Kစနစ်ကို အလုံးစုံ ပြောင်းလဲဖို့ ထုတ်လုပ်ရေး ပစ္စည်းတွေနဲ့ ထုတ်လွှင့်မှုစနစ်တွေ ထပ်မံဖြည့်ဆည်းဖို့လိုအပ် နေသေးတယ်။ အခုလက်ရှိ NHK အနေနဲ့ကြည့်ရှုသူ အိမ်ထောင်စု သန်း ၅၀ လောက်ရှိနေပြီး မြေပြင်အခြေစိုက် (Terrestrial)  ရုပ်သံလွှင့် လိုင်းနှစ်လိုင်း၊ ဂြိုလ်တု (Satellite)  ရုပ်သံလွှင့်လိုင်း နှစ် လိုင်းတို့ဖြင့် ထုတ်လွှင့်ပေးလျက်ရှိ ပါတယ်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီရဲ့အဆိုအရ လန်ဒန် အိုလံပစ်ပွဲက ကမ္ဘာတစ်ဝန်းကြည့်ရှုသူ ဒသမ ဘီလီယံအထိရှိခဲ့တဲ့အတွက် NHK အနေနဲ့ တိုကျိုအိုလံပစ်မှာ ကြည့်ရှုသူနှုန်းတွေ များစွာတိုးတက် လာမှာဖြစ် ပါတယ်။ ဒါကြောင့် NHK စက်မှုအင်ဂျင်နီယာတွေအနေနဲ့ ကမ္ဘာ့ ပထမဆုံး Super  8Kစနစ်နဲ့ ၂၀၂၀ တိုကျို အိုလံပစ်ပွဲကို ထုတ်လွင့်ဖို့ကြိုးပမ်း နေခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment