Friday, January 30, 2015

မဟာဘွဲ့၊ ပါရဂူဘွဲ့ရလိုသူ မြန်မာကျောင်းသားများအတွက် AIT ပညာသင်ဆု



AIT ပေးအပ်မည့် မာစတာနှင့် ပါရဂူဘွဲ့ ပညာသင်ဆုများကို မြန်မာကျောင်းသား များအနေနှင့် စတင် လျှောက်ထားနိုင်ပြီး ပညာသင်ဆုအစီအစဉ်များတွင် HM The King's Scholarships DAAD Schor Larship  နှင့် ADB-Japam Scholar ship  အစီအစဉ်များပါဝင်လာသည်။ သို့သော်လျှောက်ထားမယ့် ကျောင်းသား ကျောင်းသူများအနေနှင့် လေ့လာသင်ကြားရမယ့် နိုင်ငံရဲ့မတူညီတဲ့ နောက်ခံအခြေအနေ၊ AITရှိနိုင်ငံတ ကာဝန်းကျင်တွင် ပညာသင်ကြားခြင်း၊ သုသေတန ပြုစုခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

အထူးသဖြင့် အာရှနိုင်ငံများရှိ နိုင်ငံသားများအကြား နိုင်ငံတကာ နားလည်မှု အခြေခံကောင်းများကို ရရှိနိုင် မည်ဖြစ်သည်။ ယင်းပညာသင်ဆု တစ်ဆုချင်းစီသည် ၂၂ မဟာဘွဲ့ရယူနေစဉ်ကာလအတွင်း ကျူရှင်ခ၊ ကျောင်းလခ၊ နေထိုင်မှုကုန်ကျ စရိတ်တို့ကိုပါ အလုံးစုံ ကျခံပေးသွားမည် ဖြစ်သည်။
နောက်ဆုံး လျှောက်ထားရမည့် နေ့ရက် မှာ ၂၀၁၅ ဖေဖော်ဝါရီ ၂၇ ရက်ဖြစ်သည်။ လိုအပ်သည့် အချက်အ လက်များမှာ ဘွဲ့လက် မှတ် (ရိုးရိုးဘွဲ့၊ မဟာဘွဲ့) ထောက်ခံချက် လက်မှတ်နှစ်စောင်၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှု (TOEFL Computer based:210)  နှင့် IELTS:6 (writing and overall) သင်ပြု လုပ်ရန် ဆန္ဒရှိသော သုသေတ နပြုချက် ခေါင်းစဉ် (ပါရဂူဘွဲ့လျှောက်ထားသူများ အတွက်သာ) ကိုဖြည့်သွင်း ရမည်ဖြစ်သည်။ AIT လျှောက်လွှာ များကို http://www. services.ait.ac.th/admissiions/  တွင် ရယူနိုင်မည်ဖြစ်သည်။
ယင်း AIT-UNESCO  တို့မှပေးအပ်သော တွဲဖက်မဟာဘွဲ့အစီအစဉ်များကိုတက် ရောက်ခွင့်ရရှိ သူသည် ၂၀၁၅ မှ၂၀၁၇ အထိ သင်ကြားရမည်ဖြစ်သည်။ ပေးအပ်မည့် ပူးတွဲမဟာဘွဲ့များသည် ထာဝရဖွံ့ဖြိုးတိုး တက်ရေး အတွက် သဘာဝ ပတ်ဝန်းကျင်နည်းပညာမဟာဘွဲ့ (ETSUD) မြို့ပြရေအရင်းအမြစ်စက်မှုနှင့် စီမံခန့် ခွဲမှု မဟာဘွဲ့ (UWAM)  စိုက်ပျိုး ရေစီမံခန့်ခွဲမှု မဟာဘွဲ့ (AWM)  ဘွဲ့များကို ပေးအပ်သွား မည်ဖြစ်သည်။

No comments:

Post a Comment