Friday, January 16, 2015

မြိတ်မြို့နယ်ရပ်ကွက်အတွင်းရှိ လမ်းသွယ်များ သွားလာရေးအဆင်ပြေစေရန် ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မြိတ် ဇန်နဝါရီ ၁၄ ရက်
မြိတ်မြို့နယ်၏ စီးပွားရေးလုပ်ငန်းသည် ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဒေသခံလုပ်ငန်းရှင်များ ရှိသကဲ့သို့ ရပ်ဝေးနယ်အသီးသီးမှ လုပ်ငန်းရှင်များမှ လာရောက်နေထိုင်လုပ် ကိုင်ဆောင်ရွက်လျက်ရှိရာ မြိတ်မြို့၏ လူနေထိုင်မှုသည် တနေ့ထက်တနေ့ များပြားလာလျက်ရှိသည်။ ထို့နည်းတူ ချမ်းသာသောလူတန်းစားများသည် မြို့ပြ၏အလယ်၌ နေထိုင်နိုင်သကဲ့သို့ ဆင်းရဲသော လူတန်းစားများမှာ ရပ်ကွက်များရှိရာ လမ်းသွယ်များနှင့် ဆင်ခြေဖုံး ရပ်ကွက်များတွင် နေထိုင်လျက်ရှိကြ ကြောင်းသိရသည်။



အဆိုပါ ဆင်းရဲသားလူတန်းစားများနေထိုင်ရာရပ်ကွက်/ကျေးရွာများတွင် နိုင်ငံတော်မှ လူနေမှုအဆင့် အတန်းများ မြင့်မား သထက်မြင့် မားလာစေရန် ရည်ရွယ်ကာ ရန်ပုံငွေအသီးသီးဖြင့် ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတား တည်ဆောက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေကျပ် သိန်း(၂၀ဝ)ဖြင့် ဇန်နဝါရီလ(၁၁)ရက်နေ့မှ စတင်ကာ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ မြနန္ဒာလမ်းအပိုင်းကို အရှည်(၁၃၅၀) ပေ၊ အကျယ်(၁၂) ပေ၊ ထု(၁၀) လက်မ အထူဖြင့် ကတ္တရာအသစ်ခင်းကျင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြီးစီးမှုအခြေအနေသည် (၅၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး အဆိုပါလမ်းအပိုင်း ပြီးမြောက်ပါက ၎င်းလမ်းပိုင်း အတွင်း နေထိုင်လျက် ရှိကြသော ကာယ၊ ဉာဏ၊ လုပ်သားပြည်သူများသည် နေ့စဉ်စားဝတ်နေရေးအတွက် သွားလာလှုပ် ရှားရာ၌ အချိန်နှင့် တပြေးညီ မြန်ဆန်စွာသွားလာနိုင်တော့မည်ဖြစ်၍ ကျေနပ်ဝမ်းမြောက်မိပါကြောင်း ရပ်ကွက်နေပြည် သူတစ်ဦးမှ ပြောကြား ကြောင်းသိရှိရသည်။

No comments:

Post a Comment